အမြဲတမ်းလို့ပြောရင် ထာဝရပေါ့

357 44 8
                                    

၂၀၂၅ ဇန်နဝါရီလကုန် ။

၂၀၂၄ တစ်နှစ်လုံးက ဘယ်လိုပြီးဆုံးသွားခဲ့သလဲတောင် မသိဘူး ။ ဂျဲနိုကတော့ ဂျယ်မင်းကို ချစ်နေပြီး ဂျယ်မင်းကို အလိုလိုက် ဂရုစိုက်ရင်း နေ့တွေ ကုန်ဆုံးသွားမှန်းမသိ ကုန်ဆုံးလာခဲ့တာ ။ ဒီနှစ်တစ်နှစ်ထဲ သူတို့ တစ်ခါတောင် ရန်မဖြစ်အောင် ဘယ်လိုနေခဲ့လဲလို့ နှစ်ကူးတဲ့ ညက အချင်းချင်း မေးခွန်းထုတ်ခဲ့မိသေးကြ ။

အားလပ်ချိန်ကလေးများရရင် ဂျဲနိုရဲ့ မိဘအိမ်ကိုပဲ အပြေးသွားနေတတ်တဲ့ကလေးက ချစ်ခြင်းမေတ္တာတွေကို လစ်လပ်ခဲ့သမျှ နှစ်တွေအကုန်စာ ရခဲ့ပြီလို့ ထင်တဲ့အကြောင်း တိုးဖွဖွဆိုတုန်းက ဂျဲနိုက မျက်ရည်တွေကျရသေးတာ ။ တကယ့် မိဘအရင်းတွေရဲ့ အုတ်ဂူတွေဆီ နှစ်ပတ်လည်မှာ အဖော်ခေါ်သွားတုန်းကလည်း အတတ်ကလေးက သူ့မိဘအရင်းတွေကို ဂျဲနိုကို စိတ်ချဖို့ပြောရင်း ငိုပြန်သေးတော့ ချော့ရတာက ဂျဲနိုသာ ။

ဒီတစ်နှစ်လုံးထဲမှာ အချိန်ရရင် ရသလို အချင်းချင်း အချိန်ပေးကြပြီး ခရီးတွေ ထွက်ဖြစ်ကြတာလည်း မနည်းခဲ့ဘူး ။
ဂျဲနိုကလည်း စကော့တလန်ထဲမှာတင်ကို မသွားဖူးတဲ့နေရာတွေ များတာကြောင့် Aberdeenကနေ Edinburghအထိလည်း သွားခဲ့ပြီး ထူးထူးခြားခြား လည်ပတ်စရာတွေဆီ ဂျယ်မင်းကို လိုက်ပို့တဲ့အခါ ပြုံးပျော်နေတဲ့ မျက်နှာကလေးက ကမ္ဘာတစ်ခုလုံးကို တောက်ပစေနိုင်လို့ ။

အရင်က အိမ်တွင်းပုန်းလုပ်ရတာကို သဘောကျတဲ့ စုံတွဲဖြစ်ခဲ့တယ်ဆိုတာဟာ ဖုံးကွယ်နေခဲ့ရတဲ့ ဆက်ဆံရေးနဲ့တောင် သက်ဆိုင်နေခဲ့သလားလို့ မသေမချာ အတွေးတွေများလာတဲ့ထိအောင် ဒီလို အပြင်သွားရတဲ့ ရက်တွေဟာ သဘောကျစရာ ပိုကောင်းလာခဲ့တာ ။

ခရစ္စမတ်မှာလည်း အတူလုပ်ခဲ့တဲ့ နှစ်ပတ်လည်ဟာ အတူမရှိခဲ့တဲ့ ရက်တွေကို မေ့ဖျောက်လို့ ခြောက်နှစ်စာ ။ ဂျယ်မင်းက ပြောတယ် "အခု အတူတူရှိနေမှတော့ ကိုကိုနဲ့ အတူတူရှိလာခဲ့တာ ခြောက်နှစ်ပဲပေါ့" တဲ့ ။ နာကျင်စရာတွေကို ဘဝထဲမှာ မရှိခဲ့သလို လုပ်ပစ်လိုက်တဲ့ ကလေးလေးဟာ လက်ရှိဆိုတာမှာ အပျော်ရွှင်ဆုံး ဖြစ်အောင်နေနေတာ ။

Nights of December || NoMin Where stories live. Discover now