မထင်ခဲ့လည်း ဖြစ်လာခဲ့တာ

294 39 15
                                    

၂၀၂၃ မတ်လလယ် ။

ဂျဲနိုက ကျောင်းမှာ ဆရာဆိုတဲ့ နေရာကို ဒီတစ်ခါတော့ ကျူတာဆရာ မဟုတ်ဘဲ ဘာသာရပ်ဆရာအနေနဲ့ ပြန်ရောက်လာခဲ့တယ် ။ undergraduateတွေရဲ့ semesterအသစ်တွေက နောက်လမှ ပြန်စမှာဆိုပေမဲ့ ဂျဲနိုကတော့ ကျောင်းထဲကို ဝင်ထွက်သွားလာနေတာပါပဲ ။

ပြီးတော့ ဂျယ်မင်းအတွက် ပိုထူးဆန်းတာတစ်ခုလည်း ရှိတယ် ။ ကိုကိုက စာသင်တဲ့ အတန်းချိန်ပြီးတိုင်း သူ့အဆောင်ရှေ့မှာ ရှိနေတာ ။ ဆရာတွေနဲ့ တူတူထွက်လာမိရင် "my boyfriend"ဆိုတဲ့ စကားနဲ့ မိတ်ဆက်ပေးတတ်တာကို ဂျယ်မင်းမှာ တအံ့တဩဖြစ်ရလို့ ။

ဘယ်သူက ဘယ်လိုဖြစ်နေနေ ဂရုမစိုက်သလိုမျိုးနဲ့ ဂျယ်မင်းကို တိတ်တိတ်ပုန်းရည်းစားလို မထားတော့ဘူးဆိုတဲ့ကတိကို တည်တာထက်တောင် လွန်လွန်ကြူးကြူးတွေ လုပ်နေတာ ထိန်းမရတော့တဲ့အထိပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျယ်မင်းနဲ့ အတန်းတူ လူတွေထဲမှာ ကိုကိုသင်ဖူးတဲ့ တပည့်တွေ ရှိနေသေးတာကိုလေ ။

" အဲ့ဒီလောက်အထိ မလုပ်လို့ ရပါတယ်ဆို ကိုကို !"

" မရပါဘူး ။ အမြဲတမ်း မင်းက စိတ်ထိခိုက်နေခဲ့ရတာကို ကိုကိုက နောက်တစ်ခါ အဖြစ်မခံချင်တော့ဘူး ပေါင်ပေါင်းရဲ့ ။ တကယ် အရင်က မဖြစ်နိုင်ခဲ့သမျှ အကုန်လုပ်ပေးချင်တာပါဆို "

ဂျယ်မင်းက ကိုကို့ကို စကားတွေ မပြောနိုင်တော့အောင်ပဲ ။
အဲ့ဒီလိုဆိုတော့ ဟယ်ချန်းကလည်း ဂျယ်မင်းနဲ့ ထပ်တူ တအံ့တဩ ကြောင်ကြည့်နေတယ် ။

" ဟန်နီ အတန်းလွှတ်ပြီလား ။ ငါနောက်ကျနေတာ "

မာ့ခ် ပြန်ရောက်လာတာက သုံးရက်လောက်ပဲ ရှိသေးပေမဲ့ ဟယ်ချန်းကို ကျောင်းသွားကျောင်းပြန် အမြဲကြိုပို့နေတာကတော့ ချစ်စရာပဲ ။ အခုလည်းပဲ ဂျယ်မင်းတို့ကို ရှုတည်တည်နဲ့ ကြည့်နေတဲ့ ဟယ်ချန်းအနားကနေ လွယ်အိတ်ကလေး ယူပြီး သူ့ပခုံးပေါ် ပြောင်းလွယ်ပေးရဲ့ ။

" ထပ်မကြည့်နိုင်တော့ဘူး မြန်မြန်ပြန်ရအောင် "

တကယ်ကို ကြက်သီးထနေသလို ပုံစံလုပ်ပြီး မာ့ခ်လက်ကိုချိတ်လို့ ထွက်သွားတဲ့ဟယ်ချန်းကို ဂျယ်မင်းနဲ့ ဂျဲနိုက ရယ်မောပြီး ကြည့်နေရတယ် ။

Nights of December || NoMin Where stories live. Discover now