ပျော်စရာမဟုတ်တဲ့ ခရစ္စမတ်

282 40 8
                                    

၂၀၂၃ ဒီဇင်ဘာ ၂၃ ။

ဒီဇင်ဘာက ၂၀၂၃နဲ့အတူတူ ကုန်တော့မယ် ။
ဒီဇင်ဘာ လအစကတည်းက နေရာတိုင်းမှာ Christmas decorationတွေနဲ့ ဖြစ်နေခဲ့တာ အခုတော့ Christmasရောက်ဖို့ နှစ်ရက်ပဲ လိုတော့တယ် ။

တကယ်ဆို Christmas Eveရော Christmasရောကို ကြောက်တယ် ။ မရောက်စေချင်တဲ့ နေ့တွေလိုပဲ ။
ကိုကိုနဲ့ သူကသာ ဝေးမသွားခဲ့ကြဘူးဆိုရင် ဒါက အတူတူရှိခဲ့ကြပြီးတဲ့ ငါးနှစ်မြောက် ခရစ်စမတ်ဖြစ်လိမ့်မှာ ။

နှစ်နှစ်နဲ့ သုံးလကျော်ပြီးမှ ဒီကိုပြန်လာဖြစ်ခဲ့တာကလည်း နှစ်နှစ်ပဲ စောင့်မှာဆိုတဲ့လူက နှစ်နှစ်ထက်ပိုပြီး စောင့်နေလောက်ဦးမလားဆိုတဲ့ စိတ်နဲ့ ။

ဂျယ်မင်းက ရှုံးတာပဲမလား ။
အစကတည်းက နှစ်နှစ်တောင် စောင့်ခဲ့ရဲ့လား မသေချာတဲ့လူအပေါ် မျှော်လင့်ချက်တွေ လွန်ကျူးခဲ့တာ ။
ကိုကိုက စောင့်မှ မနေခဲ့တော့တာ ။

" ငါ music clubကို သွားရဦးမှာ ။ လိုက်ခဲ့မလား "

ဟယ်ချန်းက ဒီလိုအချိန်ရဲ့ အလုပ်အရှုပ်ဆုံးလူပဲ ။
အရင်တုန်းကတော့ ဘွဲ့မရသေးတဲ့ အဆိုတော်ကောင်လေးကနေ အခုတော့ music clubရဲ့ organizerပါ ဖြစ်နေပြီ ။

" မနက်ဖြန်မှ လိုက်ခဲ့မယ်လေ ။ မနက်ဖြန်ကို မနက်အစောကတည်းက လိုက်ခဲ့ပြီး မန်နေဂျာ လုပ်ပေးမယ် "

မာ့ခ်က ကနေဒါကို ပြန်သွားပြီ ။ ဒီမှာ ဟယ်ချန်းနဲ့ဂျယ်မင်းပဲ ကျန်နေခဲ့တယ်ဆိုပေမဲ့ ဟယ်ချန်းနဲ့ မာ့ခ်က ဖုန်းနဲ့ အမြဲအဆက်အသွယ်ရှိနေတာကို အဆောင်က လူတွေပြောစကားအရ ဂျယ်မင်းက သိပါတယ် ။ ဟယ်ချန်းက အဆောင်ပြင်ရောက်သွားတာနဲ့ မာ့ခ်နဲ့ video callဖွင့်ပြီး ကျောင်းမှာ သွားနေတာဆိုတာမျိုးလေ ။

ဟယ်ချန်းကတော့ အဲ့တာကို ဂျယ်မင်းသိအောင်တော့ ပြချင်ပုံမရဘူး ။ ဂျယ်မင်းက နားလည်တယ် ။ တစ်ယောက်တည်း ဖြစ်နေတာဟာ သူတစ်ယောက်တည်းမဟုတ်ဘူးလို့ ဟယ်ချန်းက လုပ်ယူပြနေတာ ။

အခန်းထဲကနေ ဟယ်ချန်းထွက်သွားတော့ ဂျယ်မင်းမှာ လုပ်စရာ မရှိဘူး ။ ဒီအိမ်အဆောင်ခန်းရဲ့ ပိုင်ရှင်ကလည်း သူတို့ သူငယ်ချင်းပဲမို့ ဂျယ်မင်းတို့က ပြန်လာခဲ့မှာဆိုတာနဲ့တင် နှစ်နှစ်လုံး ဘယ်သူ့ကိုမှ မငှါးခဲ့ဘဲ သူတို့ရဲ့ ခြေရာလက်ရာတွေ မပျက်အောင် ထိန်းသိမ်းထားပေးခဲ့တော့ ကိုကို့အရိပ်တွေဟာ ဒီအခန်းထဲမှာ ရှိနေတိုင်း ဂျယ်မင်းစိတ်တွေထဲ စွန်းထင်းလို့ ။

Nights of December || NoMin Where stories live. Discover now