ချစ်ခဲ့တယ်ဆိုတာ

292 35 18
                                    

၂၀၁၉ ဇန်နဝါရီ လကုန် ။

ဘာလိုလိုနဲ့ တစ်လကျော် ။ ဆရာနဲ့ ဂျယ်မင်း တွဲဖြစ်ခဲ့ကြတာ တစ်လတောင်ကျော်ပြီ ။ ဆရာနဲ့ တပည့်မဟုတ်မှန်း ခံစားဖြစ်လာတာကလွဲရင် ဟိုးပထမဆုံး စသိတုန်းကလို နည်းနည်းပေါ့ပေါ့ပါးပါးတော့ ဖြစ်လာကြတာ ။

တစ်လကျော်ပြီဆိုတော့ သေချာပေါက် တစ်လပြည့်တဲ့နေ့အကြောင်းက မပါမဖြစ်ပေါ့ ။ မပါမဖြစ်သလို ဘာမှလည်း
မဖြစ်ခဲ့ပါဘူး ။ ကျောင်းဖွင့်ရက်ဖြစ်တဲ့အပြင် main subjectဆရာတစ်ယောက်က တစ်လပြည့် မတိုင်ခင်တစ်ရက်ကနေ တစ်လပြည့်ပြီး နှစ်ရက်အထိ လေးရက်ဆက်တိုက် ခွင့်ယူသွားတာမို့ ဆရာဂျဲနိုက ဆက်တိုက် runနေရတဲ့ အပြင်ကို အဲ့ဒီညနေမှာ ဆရာတွေ meetingရှိလိုက်တာနဲ့ ဘာမှ မဘာသလို အေးဆေးပဲ ပြီးသွားတယ် ။

စစချင်း တွဲတုန်းက ဆရာက စကားတအားများတဲ့ လူ ၊ စကားတအားတတ်တဲ့သူလို့ ထင်ခဲ့ပေမဲ့ တကယ်က မဟုတ်ဘူး ။ သူက ဂျယ်မင်းထက်တောင် ဆိုးသေးတာ moodဝင်တဲ့အချိန် စကားပြောပြီး moodမဝင်ရင်ငြိမ်နေတာ ကျောက်ရုပ်လိုမျိုး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က တဖြည်းဖြည်း အဆင်ပြေလာကြတာတော့ ဝန်ခံရမှာ ။ အခုလည်း ဆရာက သူ့အခန်းထဲ ရောက်နေတာလေ ။ ဟယ်ချန်းက music clubကြောင့် ကျောင်းပိတ်ရက်မှာ ကျောင်းကို ရောက်နေရပြီး ဆရာကတော့ သူနဲ့အတူတူ တိတ်တိတ်ကလေး လာဒိတ်တာ ။

" ဂျယ်မင်းလေး ဘာစားချင်လဲ "

" ကျွန်တော် ရုပ်ရှင်ပဲ ကြည့်ချင်တယ် "

ဂျယ်မင်းက ဆိုဖာပေါ်ထိုင်ပြီး ရုပ်ရှင်ရွေးနေချိန်မှာ ဆရာက လာမေးတော့ ဂျယ်မင်းက သူလိုချင်တာကို တကယ်ပဲ ပြောတယ် ။ ဟုတ်တယ်လေ .. ခုနကမှ တော့ပူကီတွေ စားထားတာ အခု တစ်ခုခုထပ်စားချင်စရာလား ။

" ကိုယ်လည်း အတူတူလာကြည့်မယ် အဲ့တာဆို"

ဂျယ်မင်းက နေရာဖယ်ပေးတော့ ဆရာက ဘေးကပ်ပြီး လာထိုင်တယ် ။ အပြင်တွေ အတူတူသိပ်မသွားဖြစ်တဲ့ သူတို့အတွက် ဂျယ်မင်းရဲ့ အဆောင်ခန်းကလေးက နိဗ္ဗာန်ပဲ ။

"About Time" က ၂၀၁၃ကတည်းက ထွက်ခဲ့တဲ့ရုပ်ရှင်ပေမဲ့ ဂျယ်မင်းအတွက်က နှစ်ခါကြည့်ပြီးတာတောင် အသစ်အဆန်း ဖြစ်နေတုန်း ။ သဘောတကျ မျက်လုံးလေး ဝိုင်းပြီး ကြည့်နေတဲ့ ကလေးလို ။ ဂျဲနိုအတွက်ကတော့ လုံးဝ အသစ် ဖြစ်နေတဲ့ ဇာတ်လမ်းမို့ ငြိမ်ပြီး ကြည့်နေဖြစ်တာ ။

Nights of December || NoMin Where stories live. Discover now