နွေဦးမှာ အက်ကွဲကြောင်းတွေနဲ့

258 33 41
                                    

၂၀၂၀ မတ်လ ။

စကော့တလန်ရဲ့ နွေဦးက ကိုရီးယားရဲ့ ဆောင်းဦးနဲ့ မထူးဘူး ။ ဆောင်းရာသီမှာ ကိုရီးယားလို အအေးမပြင်းသလို ဒီနိုင်ငံရဲ့ နွေရာသီကလည်း ပူတယ်ဆိုတာမျိုး မဟုတ်နေတာ ။
၇ ဒီဂရီကနေ ၁၃ဒီဂရီကြားပဲ ရှိတဲ့ အပူချိန်ဟာ နွေဦးဆိုတာဟာ မနှစ်ကဆို ဂျယ်မင်းအတွက် အထူးတဆန်း ဖြစ်နေခဲ့တာလေ ။

ရာသီဥတုက အေးနေတဲ့ မနက်အစောဖြစ်လည်း ဂျယ်မင်းကတော့ ကြည်လင်မနေနိုင်သေးဘူး ။ တစ်ညလုံး ခဏပဲ အိပ်ရပြီး အိပ်မက်ဆိုးတွေမက်လို့ ခေါင်းတွေ မကြည်နေရတဲ့အပြင် ကိုကို့ကိုလည်း ထပ်ဆောင်း စိတ်တိုနေရသေးတာလေ ။

ကိုကိုနဲ့ ရှိလာတာ တစ်နှစ်နဲ့ သုံးလ ။
စတွဲကတည်းက မိန်းကလေး ကိစ္စတွေနဲ့ ရန်ဖြစ်ရတဲ့ အကြိမ်ဟာ ဒီလထဲမှာ ဒုတိယတစ်ခါ ဖြစ်လာ ။

ထပ်ပြီး ရယ်မောနေပြန်လို့မဟုတ်ဘဲ မိုးရွာနေတဲ့အချိန်မှာ ကိုကိုက ဂျယ်မင်းအဆောင်ရှေ့ကိုရောက်လာဖို့ မိန်းကလေးတစ်ယောက်က လိုက်ပို့ပေးလာတာကို ဘယ်လိုစိတ်နဲ့များ လက်ခံရမှာ ။

အရေးတကြီး ကိစ္စရှိသလားဆိုတော့လည်း မဟုတ်ဘူး ။
ဒီအတိုင်း အေးအေးဆေးဆေးဖြစ်နေခဲ့တာ ။
ဘာကိစ္စမှ မရှိဘဲ အိမ်ကိုရောက်လာတာထက် ပိုအရေးကြီးနေတာက တခြားမိန်းကလေးတစ်ယောက်နဲ့ ထီးအတူဆောင်းပြီး ရောက်လာခဲ့တဲ့ ကိစ္စ ။

ကျောင်းကအပြန် သူ့အဆောင်သူ ပြန်တာက ပိုနီးနေတာကို ပိုပြီး ကြာကြာရှည်ရှည် ဒီနေရာအထိ ရောက်အောင် လုပ်လာတာကိုက အလုပ်မဟုတ်နေခဲ့တော့ ဂျယ်မင်းနဲ့ တဂျိန်းဂျိန်း ။

အကြီးအကျယ်ရန်ဖြစ်ခဲ့တဲ့ နောက်ဆုံးတစ်ခေါက်က ခြောက်လနီးနီးကြာခဲ့ပြီး သူတို့နှစ်ယောက်လုံး ကြားထဲမှာ ပျော်ရွှင်နေခဲ့သေးတာကို ။ အခုတော့လည်း ကိုကို့ကို စိတ်တိုလို့ စကားမပြောပါ ။

-

မနေ့က ။

ကိုကိုက တကယ်ကို အရူးပဲ ဆိုတာကို ဂျယ်မင်းက စိတ်တိုရင်း သိခဲ့တာ ။ ဒေါသတွေထွက်ရင်း ပစ္စည်းတွေကို ဂျယ်မင်းက ပစ်ပေါက်ခွဲမိတဲ့အချိန် ကိုကိုက နံရံကို ထိုးလိုက်တာလေ ။ ဂျယ်မင်းကို မချော့ဘဲ သူ့ဘာသာ မှားလို့ဆိုပြီး အဲ့ဒီလို လုပ်နေတဲ့ အပြုအမူဟာ ဂျယ်မင်းအတွက် လက်ခံစရာ အကြောင်းအရင်းကို မရှိတာ ။

Nights of December || NoMin Where stories live. Discover now