အကုန် လှလှပပ ဖြစ်ခဲ့တာ

271 41 9
                                    

၂၀၁၈ ဒီီဇင်ဘာ ၂၆ရက် ။

နှင်းတွေ တဖွဲဖွဲကျနေတဲ့ ရာသီဆိုရင် ကိုရီးယားမှာကတည်းက ဂျယ်မင်းက အခန်းအောင်းတတ်တာနဲ့ အိပ်ယာထဲမှာနေတာ နှစ်ခုကိုပဲ လုပ်နေကျ ။ ပြတင်းပေါက်ရဲ့ အပြင်ကို ကြည့်ရင် နေရာတိုင်း ဖွေးဖွေးဖြူနေတာမို့ စာအုပ်ဖတ်မလို့ လုပ်နေရင်းကနေ တစ်စုံတစ်ယောက် လက်ဆွဲခေါ်လို့ မြို့လယ်ကို ရောက်လာရတာလေ ။

ချမ်းတာရယ်တော့ မဟုတ်ဘူး ။ ကိုရီးယားမှာဆို အနုတ်ပြနေတတ်တဲ့ ဆောင်းရာသီရဲ့ ဥတုနဲ့ယှဉ်ရင် ဒီမှာက အနုတ်ပြတဲ့ အခြေအနေတောင် မရှိသေးတာမို့ ပုံမှန်ထက် ပိုပြီး ချမ်းအေးတယ်ဆိုရုံ ။ ဒါပေမဲ့လည်း ဂျယ်မင်းက အအေးမကြိုက်တဲ့သူမို့ မာဖလာတစ်ထပ်ရယ် ကုတ်အင်္ကျီနှစ်ထပ်ရယ်နဲ့တောင် နေလို့ မထိချင်သေးဘူး ။

" ဘာလို့ခေါ်လာတာလဲ အပြင်ကို ။ ဆရာ မသိလို့ ။ ကျွန်တော် တကယ် ဆောင်းရာသီတွေမှာဆို အိမ်ပြင် မထွက်ဘူး ။ အေးတာမကြိုက်လို့ "

ငြင်းဆန်သယောင်နဲ့ ပြောပြနေမိတဲ့ သူ့အကြောင်းတွေ ။
ဘယ်လို နားလည်မလဲက စိတ်ဝင်စားစရာပဲ ။ ဆက်ဆံရေးတွေ ပြောင်းသွားသလောက် ဆရာ့ရဲ့ ပုံစံအသစ်က သူ့အတွက် သိပ်ကို သစ်ဆန်းလွန်းနေတယ် ။ ဘာမှ ထူးထူးခြားခြား ပြင်ဆင်မလာဖြစ်ကြတာတောင် အပြုံးတွေက အစလေ ။

" ကိုယ်မှတ်ထားမယ် ။ အဲ့တာဆို နောက်တစ်ခါကျ မင်းအပြင် မထွက်ရအောင် ကိုယ်ကပဲ မုန့်ဝယ်ပြီး မင်းဆီ လာရမှာပေါ့ ။
ဒါပေမဲ့ အခုတော့ ချောကလက်ပူပူလေးက အေးတာတွေကို လျှော့ပေးနိုင်မှာပါ ။ ကိုယ့်ကိုယုံ "

ကားရပ်ရင်းနဲ့ သူ့ကိုလှည့်ကြည့်ပြီး ပြောလာတဲ့ စကားမှာ ရင်တွေခုန်ရလို့ ။ အကြည့်ချင်းဆုံမိတာမှာ ပြုံးလို့ကြည့်နေတဲ့လူဟာ ချစ်စရာရော ကြောက်စရာပါ ကောင်းရတယ် ။

အကြည့်ကို အရင်လွှဲတာက ဂျယ်မင်းဖြစ်နေတော့ သူက ရယ်လာတယ် ။ အဲ့ဒီလို နောကျေနေတဲ့ ပုံစံတွေကို တကယ်ကြောက်တာပါပဲ ဂျယ်မင်းကတော့ ။ ဒါပေမဲ့လည်း ရည်းစားဖြစ်တာ အခုမှ နှစ်ရက်မြောက်လေ ။ ခံစားချက်တွေကို ဖျက်ဆီးတာမျိုး မလုပ်ချင်ပါဘူး ။ သူရွေးချယ်ခဲ့တဲ့လူမို့ သူ့ကို ရွေးချယ်စေချင်ခဲ့တဲ့လူ ဖြစ်နေလို့ပါပဲ ။

Nights of December || NoMin Where stories live. Discover now