လွယ်မယောင်နဲ့ ခက်ခဲ့တယ်

300 55 2
                                    

၂၀၁၈ နိုဝင်ဘာ ။

အရာအားလုံးက အဆင်ပြေနေသလိုပေမဲ့ တကယ်တော့မဟုတ်ဘူး ။ ဂျယ်မင်းက ဆရာ့ကို ရှောင်နေတာလေ ။
မသိသလိုမျိုး နေနေပေမဲ့ ခံစားရတာ တအားကို မွန်းကြပ်တာပဲ ။

တစ်ပတ်ရှိပြီ ။
ဘာစာမှ မမေး ၊ ဘာစကားမှ မပြောဘဲ နေဖြစ်တာ ။
အမြဲတမ်း ဆရာတွေ အခန်းရှေ့ကနေ မှန်အကြည်နောက်က လူကို ခိုးခိုးကြည့်ရင်းက အခုတော့ ဆရာတွေ အခန်းရှေ့လည်း မဖြတ်ဖြစ်တော့တာ ။

အတန်းပြီးရင် အခန်းထဲမှာ ငြိမ်ငြိမ်ထိုင်ပြီး ဘယ်ကိုမှ လျှောက်မသွားဘဲ အဲ့ဒီလူကို သွားမချောင်းဖြစ်အောင် ကြိုးစားရတာ ခက်ခက်ခဲခဲပဲ ။
နှစ်လအတွင်း လုပ်ရိုးလုပ်စဉ်တွေ ဖြစ်သွားပြီးတော့ သူမသိဘဲ လက်ခံလိုက်ရတဲ့ သူ့ရဲ့ ထိန်းသိမ်းမရအောင် ကြီးထွားလာတဲ့ အချစ်တွေ ။

ဆရာတစ်ယောက်အနေနဲ့ တည်ကြည်နေရတာကို ခက်ခဲမှန်း သူက နားလည်ပြီးသားမို့ အတန်းထဲမှာဆိုရင် အဲ့ဒီလူ သူ့ကို ဘယ်လိုမှ သက်သက်ကြီး ချဉ်းကပ်လာနိုင်မှာ မဟုတ်တာကြောင့် ဂျယ်မင်းက တကယ်ကို တဖြည်းဖြည်းနဲ့ စည်းတွေခြားပစ်ဖို့ကိုပဲ လေ့ကျင့်ထားဖြစ်တော့တာ ။

အခုက သောကြာ ။
ကျောင်းပြန်ဖွင့်တဲ့ ဒီတစ်ပတ်လုံး ငြိမ်ကုပ်နေတဲ့ ကလေး လုပ်နေတော့ ဟယ်ချန်းက မကြိုက်ချင်ပေမဲ့ ဘာစကားမှလည်း ပြောမလာဘူး ။

စနေ ၊ တနင်္ဂနွေမှာ ဒီအပတ် ဘွဲ့နှင်းသဘင်ရှိတာမို့ ဆရာတွေ သေးသေးလေးတောင် အားလပ်မနေမှာကို သိရတာက ဂျယ်မင်းအတွက်တော့ ကောင်းချီးတစ်ခုလိုမျိုး ။ မဟုတ်ရင် သူ့ရှေ့ကို အဲ့ဒီလူ ဘယ်အချိန်ရောက်လာမလဲ စိတ်ပူရဦးမှာ ။

အဲ့တာက သူ့အတွေးတွေပါ ။
အမှန်တကယ်မှာ အဲ့ဒီလူက သူ့အနားကိုလည်းမလာ ၊ သူက မခေါ်တော့ သေချာတောင် လှည့်အောင်မကြည့်တဲ့အခါ နှစ်ခါနာရတဲ့ ငှက်က သူပဲ ဖြစ်ပြန်တော့တာလေ ။ ကျောင်းကနေ အဆောင်ပြန်တဲ့အချိန်ဆို ဂျယ်မင်းက တဝဲလည်လည်နဲ့ အဲ့ဒီလူ ထွက်လာတာကို စောင့်နေတတ်ခဲ့ဖူးတာ ။ ဂျယ်မင်းလည်း မစောင့်ရော အရိပ်အယောင်ပါ ပျောက်ဆုံးသွားတော့တာများ ။ မတတ်သာလို့ တွေ့တဲ့အချိန် ဂျယ်မင်းက ရှောင်သွားလည်း လှမ်းတောင်မှ မခေါ်တဲ့ကိစ္စ ။

Nights of December || NoMin Where stories live. Discover now