မရေမရာနေ့တွေ ရှိခဲ့ပြီး

320 53 4
                                    

ပူလောင်ခြင်းတွေ ရင်ထဲပြည့်နေသည်
ဒီဇင်ဘာညကို အံတုလို့နေသည်
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ

_
၂၀၁၈ အောက်တိုဘာ ။

ဆရာနဲ့ သွားတွေ့ဖို့ကို ပြောတော့ ဟယ်ချန်းက ငြင်းတယ် ။
ဒီလိုအချိန်က တစ်ခါရဖို့ ရှားတာမို့ ဂျယ်မင်းကို သွားတဲ့ ။
ဘယ်လောက်ပဲ ခေါ်ခေါ် လိုက်မလာတဲ့ ဟယ်ချန်းကြောင့် ဂျယ်မင်းက တစ်ယောက်တည်းပဲ သွားဖို့ ဖြစ်ရတယ် ။

ကျောင်းအဆောင်ရှေ့ကို လာစောင့်နေတဲ့ အဲ့ဒီဆရာက လူမျိုးတူ ကလေးတွေကို ကူညီပေးဖို့ဆိုတဲ့ ဆင်ခြေကို လက်ကိုင်ထားပြီး သူတို့နဲ့ တရင်းတနှီးပိုဖြစ်လာတာလေ ။
ဟယ်ချန်းက တခြားသူငယ်ချင်းနဲ့သွားစရာရှိလို့ မလိုက်ဖြစ်ကြောင်း ဆရာဂျဲနိုကို ထွက်ပြောပြီး အဆောင်တံခါးကို ပိတ်သွားတာများ ဂျယ်မင်းကို သားရဲတွင်းထဲ ပစ်ချလိုက်သလိုမျိုး ။

" အဲ့ဒီတော့ ဘယ်ကိုသွားချင်လဲ"

" ဆရာ့သဘောပါ ။ ကျွန်တော်လည်း ပျင်းနေလို့သာ"

" မပျင်းနေရင် ကိုယ်နဲ့ မလိုက်ပေးဘူးပဲ ။ အဲ့ဒီလိုမလား"

ပြောင်စပ်စပ်မျက်နှာပေးက အဖြေကိုလည်း စောင့်မျှော်နေဟန်မျိုး ။
တကယ်ကိုပဲ စာတွေပြန်ရှင်းပြနေရင် ၊ အတန်းထဲမှာရှိနေရင် တည်ကြည်နေတဲ့ အဲ့ဒီမျက်နှာပေးနဲ့ တခြားစီလို ။

ဒီလို ဘက်ခြမ်းကို မြင်ရတဲ့ တစ်ဦးတည်းသောလူအနေနဲ့ ရင်ခုန်နေရင်းကနေ ဒါက ဆရာပဲလို့ တွေးမိတိုင်း တုံ့ဆိုင်းသွားရတာကလည်း သူတစ်ယောက်တည်းက ခံစားနေရတာချည်းပဲ ။ အဲ့ဒီဆရာက ဘာမှမသိဘူး ။ တကယ်ကို ဘာမှမသိဘဲ တဖြည်းဖြည်း ပိုနီးစပ်လာတာ ။

" ငြိမ်သွားတာ ကြည့်စမ်း ။ ဂျယ်မင်းက ကိုယ့်နောက်ကို တကယ် မလိုက်ချင်တာပဲ မဟုတ်ဘူးလား "

ထပ်ပြီး အဲ့ဒီစကားထွက်လာချိန်မှာ ဆရာဂျဲနိုရဲ့ မျက်နှာက အပြုံးကလေး ပျောက်သွားလို့နေပြီ ။
မဖြစ်စေချင်ပါဘူး အဲ့ဒီလို ခံစားချက်တွေ ။ ဂျယ်မင်းက သက်ပြင်းကလေးချပြီး မျက်လုံးချင်းဆုံလို့ ပြုံးပြရတယ် ။

Nights of December || NoMin Where stories live. Discover now