မမျှော်လင့်ခဲ့ပါဘူးဆိုတဲ့

323 36 24
                                    

၂၀၂၃ ဒီဇင်ဘာ ။
(၂၀၁၈ကို ဖတ်ထားကြတာ ရက်များသွားလို့ မမှတ်မိရင် "ပျော်စရာမဟုတ်တဲ့ ခရစ္စမတ်"ရဲ့ အဆက်ပါလို့ 😻)

ဟယ်ချန်းနဲ့အတူတူ အိမ်ပြန်ရောက်တော့ ဂျယ်မင်းက ကိုယ်တွေလက်တွေ တစ်ခုမှ မလှုပ်နိုင်တော့ဘူး ။ သူ့ဆီ ရောက်ရောက်လာတဲ့ ကိုကို့အကြည့်တွေကို မသိချင်ယောင် ဆောင်ပြီး ဟယ်ချန်းကိုပဲ ကြည့်နေလည်း စိတ်က မဟုတ်ခဲ့ဘူး ။ အဲ့ဒီနေရာမှာတင် ဂျယ်မင်းက ငိုချချင်နေခဲ့တာလေ ။

ဒါပေမဲ့ အိမ်ရောက်တဲ့အချိန်မှာ ထိန်းထားရလွန်းတဲ့စိတ်တွေက ငိုချင်တာတွေပါပျောက်ပြီး တင်းတင်းဆုပ်ထားတဲ့ လက်ကြောင့်လည်း လက်ဖဝါးပေါ်မှာ ညှပ်ဖို့မေ့နေတဲ့ လက်သည်းတွေ ထိုးစိုက်နေတာများ အနီရဲရဲဒဏ်ရာတွေ ထင်လို့ ။

ကိုကိုက သူ့ဘဝနဲ့သူ နေနေပြီ ။
ဂျယ်မင်းကို စောင့်မနေဘဲနဲ့ ကိုကိုက သူ့ဘဝနဲ့သူ နေနေလိုက်ပါပြီဆိုတာကို ယုံကြည်ရတော့မလိုပဲ ။
ဒါပေမဲ့လည်း သူ့ကို ကြည့်နေတဲ့ အကြည့်တွေမှာ ခွေယိုင်လဲကျသွားချင်တယ် ၊ ရင်ဘတ်ထဲပစ်ဝင်ပြီး တဗုံးဗုံးထုလို့ ငိုကြွေးလိုက်ချင်တယ် ။

သူက ထားခဲ့လည်း သူကပဲ စိတ်တွေလျှော့ချပစ်မိတဲ့ ဒီလိုညတွေမှာ ဂျယ်မင်းဟာ ကိုကို့ကိုထက် ကိုယ့်ကိုယ်ကိုယ် ပိုမုန်းရပါတယ် ။

သုံးနှစ်နေမှ ပြန်လာဖြစ်မယ်ဆိုတဲ့ ဟယ်ချန်းနဲ့ ဂျယ်မင်းက ကိုရီးယားကို ပြန်ရောက်တာနဲ့ အိမ်နှစ်ခုရဲ့ လုပ်ငန်းတွေထဲ တန်းပြီး ရောက်သွားခဲ့တာ ။ မိသားစု နှစ်ခုပေါင်းပြီး လုပ်ထားတဲ့ ကုမ္ပဏီက တစ်ခုတည်းမို့ သူတို့နှစ်ယောက် အတူတူ အလုပ်ဝင်နေရင်းကနေ နှစ်နှစ်ပြည့်ခါနီးလေးမှာ မာစတာတက်ဖို့ အိမ်က စကော့တလန်ကို ပြန်လွှတ်တော့ ဂျယ်မင်းက ခေါင်းမာမာနဲ့ ငြင်းခဲ့တာ နောက်ထပ် နည်းနည်း ထပ်နေချင်သေးတယ်လို့ ။

အိမ်ကကျ မဟုတ်ဘူး ။ အိမ်နဲ့လည်း အဆင်မပြေ ၊ အလုပ်မှာလည်း ဟယ်ချန်းကလွဲရင် ကျန်တဲ့သူတွေကို မမြင် ဖြစ်နေတဲ့ ဂျယ်မင်းကို ဘာမှ အရေးမကြီးဘဲ ဘာလို့ မသွားနိုင်သေးတာလဲဆိုပြီး ဖြစ်ခဲ့သေးတာ ။ အလုပ်တွေ မပြတ်သေးဘူးဆိုတဲ့ ဆင်ခြေရအောင် အလုပ်အသစ်တွေ ဆက်တိုက် နေ့မနား ညမနား လုပ်နေခဲ့တဲ့ အဲ့ဒီအချိန်က မှတ်မှတ်ရရ စက်တင်ဘာအစ ။

Nights of December || NoMin Where stories live. Discover now