ပျော်ရွှင်ခဲ့တာတွေရော

303 43 21
                                    

၂၀၁၈ နိုဝင်ဘာ ။

ဘယ်လောက်တောင် အိပ်လိုက်မိသလဲ မသိဘူး ။ နိုးလာတော့ နဖူးပေါ်မှာ ရေစိုဝတ်တစ်ခုနဲ့ ။ လဲထားတာတော့ သိပ်မကြာသေးသလိုပဲ ။ ကိုယ်အပူချိန်က မကျလောက်သေးတာကို ခံစားမိရပေမဲ့ ခေါင်းကြီး အုံခဲနေတာက နည်းနည်းတော့ လျော့လာမှန်း ခံစားမိရတယ် ။

" ချန်း "

ဂျယ်မင်းက ဟယ်ချန်းကိုအော်ခေါ်မိတော့ အခန်းထဲကို လူဝင်လာပေမဲ့ အဲ့တာက ဟယ်ချန်းမဟုတ်ဘူး ။ ဆရာဂျဲနို ။
ထူးဆန်းသလို မျက်နှာနဲ့ ဖြစ်နေတဲ့လူက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ မတွေးတတ်ရဘူး ။

အခန်းထဲက နာရီဆီ ခေါင်းလှည့်မိတော့ ညနေ ငါးနာရီ ရှိနေပြီ ဖြစ်ပြီး ဟယ်ချန်းက ဒီအချိန်ထိ ပြန်မလာစရာ မရှိဘူးဆိုတာကို ပုံမှန်အသိက သတိပေးလာတော့ ရှေ့မှာ ရှိတဲ့လူကို သတိမမူအားဘဲ ဖုန်းကို ဖွင့်ကြည့်မိရတယ် ။

// Music Club Meetingက memberအသစ်တွေကို orientationလုပ်ပြီး ဆက်ပစ်နေတာ ။ ထွက်ပြေးချင်နေပြီ ။ ငါးခွဲကျော်တာနဲ့ အိမ်ပြန်ရောက်မယ် ။ မင်းကို အဲ့လူနဲ့ ထားမထားချင်ဘူး ရသလောက် မြန်မြန်ပြန်ခဲ့မယ် //

အဲ့တာကြောင့် ဟယ်ချန်းက အခုထိ ပြန်မရောက်သေးဘဲ အဲ့ဒီလူကလည်း ဒီမှာ ရှိနေသေးတာ ။ ညနေ သုံးနာရီကတည်းက ဒီအခန်းထဲပြန်ရောက်တာကို သူက ဒီနှစ်နာရီလုံး ဘာတွေလုပ်နေတာ ..။

ထူးဆန်းတဲ့ မျက်လုံးနဲ့ ပြန်ကြည့်လိုက်တော့ အဲ့ဒီလူက တစ်ဖက်လှည့်သွားတယ် ။ အခန်းအပြင်ကို ပြန်ထွက်သွားတာ သိတော့ တစ်ဖက်ပြန်လှည့်အိပ်မလို့ ပြင်ရင်းကနေ အခန်းတံခါးကို နောက်တစ်ခါ ထပ်ဖွင့်လို့ အဲ့ဒီလူက ထပ်ဝင်လာတော့ ဂျယ်မင်းက ဘယ်လိုများ အိပ်ရပါတော့မလဲ ။

" ညနေစောင်းကြီး အိပ်မပျော်တာကို အတင်းအိပ်မနေနဲ့ ။ အဖျားပိုတက်လိမ့်မယ် ။ နှစ်နာရီလောက် ရေစိုဝတ်လဲပေးတာတောင် အဖျားက မကျချင်ဘဲနဲ့ "

ဘုဆတ်ဆတ် ပြောလာတာတွေကိုလည်း မကြားချင်ယောင်ပဲ ဆောင်မလို့ပေမဲ့ ဆန်ပြုတ်ယူလာတာမြင်တော့ လူလည်း မတ်သွားရတယ် ။ ဆေးထပ်သောက်ဖို့ဆိုရင် ဆန်ပြုတ် မဖြစ်မနေ သောက်ရမှာ ။ မဟုတ်မှလွဲ .. ဒါက သူပြုတ်ထားတာလား ။

Nights of December || NoMin Where stories live. Discover now