ဆောင်းဦးမှာ ပြတ်စဲခဲ့ကြတယ်

266 37 27
                                    

၂၀၂၁ ဇူလိုင်လကုန် ။

ကိုကိုနဲ့ ဂျယ်မင်းရဲ့ ဆက်ဆံရေးဟာ ဒီလတွေထဲ တဖြည်းဖြည်း ဆိုးရွားလာတယ် ။ ကိုကိုဟာ သိသိသာသာနဲ့ကို ဂျယ်မင်းတို့အဆောင်ဆီ လာတဲ့ အခေါက်ရေ လျော့နည်းသွားပြီး ဂျယ်မင်းကလည်း ကိုကို့အတန်းတွေဆို ပျက်တော့တာပါပဲ ။

ကိုကို့ရဲ့ "ဘာဖြစ်လို့ အတန်းမတက်တာလဲ"တွေဟာ ဝတ်ကျေတန်းကျေပဲဖြစ်သွားတာနဲ့တူတယ်လို့ စပြီး ခံစားခဲ့ရတာကနေ ဝေးလာသလို ခံစားချက် ဖြစ်လာခဲ့ပုံရတယ် ။

တကျက်ကျက်နဲ့ ပြဿနာတက်ရတဲ့ အခေါက်တိုင်းမှာ ဂျယ်မင်းက သဝန်တိုပြီး ပြဿနာရှာရင် ကိုကိုကလည်း ဂျယ်မင်းက သူ့အိမ်နဲ့ ကိုကို့ကို မိတ်မဆက်ပေးတာကို ပြန်ထောက်ပြတတ်တယ် အမြဲ ။

ဂျယ်မင်းက ကိုကို့ကို စကြိုက်ခဲ့တဲ့သူပေမဲ့ ဒီလို တွဲဖြစ်မယ်မှ မထင်ခဲ့ဘဲ ။
အိမ်နဲ့ ဆက်ဆံရေးမကောင်းတဲ့ ဂျယ်မင်းက ဒီနေရာမှာ လူတစ်ယောက်ကို ကြိုက်တယ်ဆိုတာ ဘဝလက်တွဲဖော် တစ်ယောက်လို ကြိုက်တာ မဟုတ်ခဲ့ ။ စိတ်ခံစားချက် အတိုင်း လူတစ်ယောက်ကို ကြိုက်ရုံ ကြိုက်ခဲ့တာမျိုးလေ ။

စတွဲချိန်မှာ ကိုကို ရှုပ်နေသမျှကို ဒေါသထွက်ခဲ့တာက အခုငါ့လူပဲ ဆိုတဲ့ အတွေးနဲ့ ဖြစ်ပြီး ကြာလေ ဒေါသမထွက်တော့တာက မကြာခင် ထားခဲ့တော့မှာဆိုတဲ့ အတွေးနဲ့ ။ ရင်တွေ မနာဘူး ဘယ်ရှိမလဲ .. ချစ်လို့ရသလောက် ချစ်ခဲ့တာ သိပ်များခဲ့သားနဲ့ ။
ကိုကို့ရဲ့ အတည်တကျဖြစ်နေတဲ့ဘဝကို သူထွက်သွားတာကြောင့်နဲ့ မွှေနှောက်မပစ်ချင်လိုက်လို့ပါပဲ ။

ကိုကိုက ဂျယ်မင်းရဲ့ အနာဂတ်ထဲ ထည့်သွင်းခံမထားရတဲ့ လူတစ်ယောက်ဖြစ်ခဲ့တာ ။ စကော့တလန်ကနေ ပြန်သွားတဲ့အခါ ဝေးရမှာပဲမို့ အစကတည်းက အနာဂတ်ပလန်တွေထဲ ထည့်တွေးမနေတော့တာ ပိုကောင်းမယ်လို့ တွေးခဲ့တယ် ။

ဒီနိုင်ငံကလူတွေသိရင်တောင် အိမ်ကလူတွေ သိမှာမှ မဟုတ်ဘူးလို့ တွေးခဲ့ပေမဲ့ ကိုကိုကမှ ဒီကလူတွေကိုတောင် ပေးမသိတဲ့နောက်မှာ ဂျယ်မင်းကလည်း ဘာမှ ပူမနေခဲ့ ။
သူနဲ့ အတူရှိတဲ့ အနာဂတ်ရယ်လို့မှ မတွေးထားတဲ့နောက်မှာ ဘာမှလည်း လိုအပ်မနေတော့ဘူး ။

Nights of December || NoMin Where stories live. Discover now