ကိုကိုက ဘယ်တုန်းကမှ

341 40 10
                                    

ဂျယ်မင်း မရှိဘူးဆိုတာကို လက်ခံခဲ့ရတဲ့ ပထမဆုံး ရက်သတ္တပတ်က ခက်ခဲခဲ့တယ် ။
စာတွေ ပို့ချင်ပေမဲ့ kakaotalkကို ဖျက်သွားတဲ့ ဂျယ်မင်းက ဂျဲနိုသူ့ကို ဆက်သွယ်လာမှာကို သဘောကျခဲ့ပုံမပေါ်ဘူး ။

iMessageကနေ စာပို့ရအောင်ကလည်း ကိုရီးယားဖုန်းနံပတ်အသစ်ကို မသိခဲ့ရပြန်တာကြောင့် ဂျဲနိုရဲ့ ဘဝထဲကနေ ဂျယ်မင်းက လုံးဝနီးပါး ပျောက်ဆုံးသွားခဲ့တော့တာ ။

ဟယ်ချန်းကို သွားပြီး ဖုန်းနံပတ်တောင်းတာဖြစ်ဖြစ်
လုပ်ရအောင်ကလည်း သူ့စိတ်က ခွင့်မပြုခဲ့ဘူး ။ ဘယ်လောက် တခြားသူဖြစ်ဖြစ် ရပေမဲ့ ဟယ်ချန်းဆီကသာဆိုရင် ဂျယ်မင်းဖုန်းနံပတ်ကို ရနိုင်မှာ မဟုတ်မှန်းလည်း ဂျဲနိုက သိခဲ့တယ် ။

ဂျယ်မင်းကမှ ဆက်သွယ်ချင်ရင် အချိန်ခဏ ယူပြီး သူ့ဆီ ပြန်ဆက်သွယ်လာမှာပါ ဆိုတဲ့စိတ်နဲ့ ပိုတိုးပြီးလည်း မကြိုးစားဖြစ်ခဲ့ပါဘူး ။ အတွေးတွေများတတ်တဲ့ အချစ်ကလေးရဲ့ ကိုယ်ပိုင်အတွေးတွေကို ခဏလောက်တော့ အေးချမ်းပါစေတော့လို့ လုပ်ဖြစ်ခဲ့တာကလည်း တကယ်တော့ သတ္တိကြောင်တာရဲ့ နောက်ထပ် ဆင်ခြေတစ်ခုပဲ ဖြစ်ခဲ့တာ ။

နှစ်နှစ်လို့ ပြောပြီးပြီမလား ။ နှစ်နှစ်အတွင်း ပြန်လာမှာပါလို့ သေချာနေခဲ့တဲ့ စိတ်နဲ့ မထူးမခြား နေလာရင်းကနေ အဆက်အသွယ်မရှိတာ ရက်တွေက လတွေဆီကို ပြောင်းသွားချိန်မှာ စတင်ပြီး ဂျဲနိုက ကြောက်ရွံ့လာခဲ့တယ် ။

ကြောင်တောင်တောင်စိတ်နဲ့ သတိလက်လွတ် ဂျယ်မင်းတို့ အဆောင်ဆီ ရောက်ခဲ့ရတာလည်း အကြိမ်ကြိမ်ပဲ ။ တော့ပူကီများ သွားစားဖြစ်ရင် မစပ်လည်း မျက်ရည်တွေပါထွက်တဲ့အထိ စိတ်တွေ ညစ်ခဲ့ရပါရဲ့ ။ 

ဂျယ်မင်းက ပြန်လာပါတော့မလားဆိုတာ မရေမရာ ပိုပိုပြီး ဖြစ်လာရတိုင်း အရက်တွေ သောက်ဖြစ်တာထက် လုပ်နိုင်တာလည်း မရှိတော့ဘူး ။

ဒါပေမဲ့တော့ ကျောင်းပိတ်ရက်တွေ ဖြစ်နေခဲ့တာမို့ အာရုံပြောင်း​အောင် အရင်နှစ်တွေမှာလိုမျိုး အိမ်ကို ခဏပဲပြန်လို့ ပေတေပြီး ကျောင်းမှာ မနေနေဘဲနဲ့ ကျောင်းပိတ်ရက်ကာလ တစ်လျှောက်လုံး အိမ်မှာ သွားပြန်နေခဲ့ဖြစ်တယ် ။ အဖေကတောင် အထူးတဆန်းဖြစ်ပြီး မေမေလေးဆို ပြောစရာပျောက်နေလောက်အောင်အထိ ဂျဲနိုက အိမ်ကပ်နေခဲ့ပြီး အခန်းအောင်းရင်း ငိုင်နေခဲ့တာ ။

Nights of December || NoMin Where stories live. Discover now