သူ့ရဲ့ အလိမ်အညာတွေထက်ကို

260 40 6
                                    

ကိုကိုက ဒီလိုပဲ နောက်တစ်ရက်မှာ ဂျယ်မင်းရှေ့ကို ထပ်ပေါ်မလာတော့ဘူး ။
နောက်နှစ်ရက် ၊ နောက်သုံးလေးငါးရက် ၊ နောက်တစ်ပတ်အထိ ကိုကို့ကို မမြင်ရတဲ့အခါမှာတော့ ကိုကိုက ထွက်သွားပြီမှန်း မသေချာချင်လည်း သေချာလိုက်ရတယ် ။

ပထမတစ်ခါ ထွက်ခွါခဲ့သူက သူဖြစ်နေခဲ့လို့နဲ့ တူပါရဲ့ ။
တိတိပပ အတူတောင် မရှိခဲ့တဲ့ ဒီလောက် ရက်ကလေးတွေထဲမှာတောင် ကိုကိုနဲ့အတူရှိနေသလို ဖြစ်ခဲ့ပြီး ဒီတစ်ခါ ကိုကိုက သူ့ကို ထားခဲ့ပါပြီဆိုတာဟာ ခံနိုင်ရည် ရှိစရာ မကောင်းဘူး ဖြစ်နေတယ် ။

ဟယ်ချန်းနဲ့ သိပ်ပြီး အဆင်မပြေတဲ့ ဒီရက်တွေထဲ အခန်းချောင်ကလေးကပ်လို့ ဝမ်းနည်းစိတ်ကလေးတွေကို မျိုသိပ်မိနေရတာဟာ ဂျယ်မင်းလုပ်သမျှပါပဲ ။

ကိုကို့ကို ထားခဲ့တဲ့ ဂျယ်မင်းကလေးက
ကိုကိုချန်ထားခဲ့တာကိုတော့ ခံနိုင်ရည် မရှိခဲ့ပါဘူးတဲ့ ။
ရယ်စရာလို ဖြစ်နေလည်း ရယ်စရာ ကောင်းမနေခဲ့ ။

နောက်ဆုံးတွေ့ခဲ့တဲ့နေ့က ပြောလိုက်တဲ့ စကားနည်းနည်းကလေးနဲ့တင် ဂျယ်မင်းရဲ့ စိတ်တွေ ခွေခေါက်သွားအောင် ကိုကိုက လုပ်နိုင်ခဲ့ပုံပေါ်တယ် ။

စောင့်နေသေးလား မသေချာလည်း ဒီလိုမျိုး မထိတထိ လုပ်နေတာထက် ထွေးဖက်လိုက်တာဖြစ်ဖြစ် ၊ အော်ဟစ်ဆူပူလိုက်တာဖြစ်ဖြစ် လုပ်စေချင်ခဲ့တာ ။
"စောင့်မယ်လို့ ပြောထားတဲ့အချိန်ထက် ကြာပြီးမှ ဘာလို့ ပြန်လာခဲ့တာလဲ" ဖြစ်ဖြစ် ၊ "ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေခဲ့တာလဲ" ဖြစ်ဖြစ် ကိုကိုကတော့ သူ့ကို စောင့်နေတယ်လို့ ဖြစ်စေချင်ခဲ့တာ စိတ်က ။

တစ်သက်လုံး ပြန်မတွေ့ချင်ပါဘူးလို့ ပြောခဲ့တဲ့ ဂျယ်မင်းပေမဲ့ ကိုကို့မျက်နှာကို ကြည့်မိတဲ့အခါကျ အဲ့တာတွေက မဟုတ်ခဲ့တော့ဘူး ။ ဂျယ်မင်းက ဘယ်လောက်တောင် လွမ်းဆွတ်နေခဲ့ရသလဲလို့ ၊ ဂျယ်မင်းက ဘယ်လောက်တောင်မှ ကိုကို့ရင်ခွင်ထဲ ပြိုလဲသွားချင်နေခဲ့သလဲလို့လေ ။
လွမ်းမနေတော့ဘူး ၊ မမျှော်လင့်တော့ပါဘူးဆိုတဲ့ သူ့ရဲ့ အလိမ်အညာတွေလိုမျိုး ဂျယ်မင်းက သူ့စိတ်ထဲ သူပြန်ပိတ်မိနေခဲ့တာ ။ အဲ့တာတွေ အကုန်လုံး သူ့ကိုယ်သူ လိမ်နေခဲ့တာလို့ အဖြေပေါ်သွားတဲ့အချိန်မှာ ကိုကိုက သူ့အနား ရှိမနေတော့သလို ကိုကိုက ဘယ်ကိုသွားပြီး ဘယ်နားရှိနေသလဲလို့ ဂျယ်မင်းက မသိခဲ့ရတော့ပါဘူး ။

Nights of December || NoMin Where stories live. Discover now