ကိုကိုနဲ့ ဂျယ်မင်းဖြစ်နေခဲ့တာကြောင့်မို့

411 38 13
                                    

" ဂျယ်မင်းနီ "

" ဆရာ "

အသံနှစ်ခုက လေထဲမှာ တစ်ပြိုင်တည်း ။
ကိုကိုက ကျောင်းကန်တင်းမှာ ဂျယ်မင်းကို တွေ့ပြီး လာခေါ်တဲ့အချိန် ကိုကို့ တပည့်တစ်ယောက်က ကိုကို့ကိုလည်း နောက်ကနေ လာခေါ်တာ ။

နှစ်တွေကြာသွားလည်း မပြောင်းသွားတာက ကိုကို့ဘေးနား ကောင်မလေးလှလှကလေးတွေ အမြဲရှိနေတတ်တဲ့ကိစ္စ ။

ဂျယ်မင်းက နောက်ကို မေးဆတ်ပြတော့ ကိုကိုက လှည့်ပြီး တပည့်ကလေးကို အရင် အရေးလုပ်ရတာ ။

" yes, Emily?"

" ဆရာ ဒီညနေ အတန်းချိန်မရှိရင် စာလေးရှင်းပြလို့ရမလားလို့ ကော်ဖီဆိုင်မှာဖြစ်ဖြစ် .."

ကိုကိုက ရုပ်တည်နဲ့ပေမဲ့ ဂျယ်မင်းကတော့ အခြေအနေကိုပဲ ကြည့်နေတယ် ။ ရယ်ချင်စိတ်ကတော့ အပြည့်အဝနဲ့ ။
သူလုပ်ခဲ့တဲ့အတိုင်း သူ့ရှေ့ပြန်လာလုပ်ပြနေကြတာ .. ကလေးတွေများ ။

" Uhmm Emily စာက အတန်းထဲမှာပဲ မေးတာဖြစ်ဖြစ်, tutorကို မေးတာဖြစ်ဖြစ် လုပ်ရင်ရော ? ဂျူရီနာ ရှိမယ်ထင်တယ် ။
ဒီနေ့ကတော့ ဆရာ့ boyfriendနဲ့ anniversaryရှိတာမို့လေ ။ ဆောရီးနော် "

ကိုကိုက ဂျယ်မင်းရဲ့ လက်ကိုဆွဲပြီး အဲ့ဒီနေရာကနေ ထွက်လာချိန်မှာ ဂျယ်မင်းက ထမင်းတောင် မစားရသေး ။
ဟယ်ချန်းနဲ့ မာ့ခ်က မသိချင်ယောင်ဆောင်ပြီး အားပေးနေသံတွေ လုပ်နေတာကိုတော့ ကြားဖြစ်အောင် ကြားလိုက်ရသေးတယ် ။ ကန်တင်းတစ်ခုလုံးက လူတွေလည်း အကုန်ကြားနေခဲ့မှာလေ ..။

" အီဂျဲနို !!"

ကားပါကင်မှာ ဂျယ်မင်းကို ကိုကိုက ကားထဲထည့်မလို့ လက်ကို လွှတ်မှ ဂျယ်မင်းက အသိဝင်လာပြီး ပထမဆုံး
လုပ်မိတာဟာ ကိုကို့ကို အော်တာ ။

" ဟင် "

မျက်လုံးတွေကို ဝိုင်းအောင်လုပ်ထားပြီး သူဘာမှမလုပ်သလို ဟန်ဆောင်တဲ့သူဟာ တကယ်ကို ဂျယ်မင်းကိုပြောစရာပျောက်အောင် လုပ်ပါရဲ့ ။

" ကျောင်းဖွင့်တာ ခုမှ တစ်လမပြည့်သေးဘူး ။ ကန်တင်းမှာ အဲ့ဒီလို လုပ်ခဲ့တော့ ဘယ်လိုလုပ်တော့မလဲ ။ ကိုကိုက ဆရာလေ ။ ကျွန်တော်တို့ အကြောင်းပြောတာကပြောပေါ့ ။ အချိန်က အရမ်းစောလွန်းနေသေးတာ မဟုတ်.."

Nights of December || NoMin Where stories live. Discover now