မင်းနဲ့အတူတူရှိမဲ့ ထာဝရ ❤️

275 40 10
                                    

(final)

၂၀၂၇ အောက်တိုဘာ ၊ စကော့တလန် ။

၂၀၂၅ကနေ ၂၀၂၇ဆိုရင် နှစ်နှစ် ။
ကိုကိုနဲ့ ဂျယ်မင်း လက်ထပ်ဖြစ်ခဲ့တာက ဂျယ်မင်း မာစတာတန်း ပြီးခဲ့ကတည်းကဆို တစ်နှစ်ကျော်ရှိပြီ ။

မထင်ထားရတဲ့ အလှည့်အပြောင်းတစ်ခုကတော့ ဂျယ်မင်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် လက်ထပ်သွားတဲ့ အတွဲပဲ ။
Jackနဲ့ ဂျူရီနာ ။ ဘယ်တုန်းကခင်ပြီး ဘယ်လိုကြိုက်သွားလဲဆိုတာကို မသိပေမဲ့ လက်မထပ်ခင် လေးလလောက်အလိုမှ ထုတ်ပြောလာခဲ့တော့ အကုန်လုံး တအံ့တဩဖြစ်ရ ။

ဟယ်ချန်းကတော့ မာစတာတန်းပြီးပြီး ဂျယ်မင်းတို့ လက်ထပ်ပွဲ ပြီးကတည်း Markနောက် ကနေဒါကို လိုက်သွားတာ ။ စကော့တလန်ကို ကြားထဲ တစ်ခေါက်ပြန်လာပေမဲ့ ကိုရီးယားကိုတော့ သူတို့နှစ်ယောက်လုံး အတူတူ မပြန်ဖြစ်လို့ မိဘတွေကပဲ သူတို့ဆီ လာလာနေရတာကလည်း တစ်ကိစ္စ ။

" aigooo aigoooo မငိုပါနဲ့ အိုက်ယား"

ဟုတ်သား ။ မအိပ်ရတဲ့ ညတွေအကြောင်းက မဖြစ်မနေ ထည့်ပြောစရာ ။ ဆရာကိုကိုက အလုပ်ကို သုံးလနား ခွင့်တင်ထားရပြီး ဟယ်ချန်းရဲ့ ကနေဒါပတ်တဲ့ခရီးကနေ စကော့တလန်ကို ချက်ချင်း ပြန်လာအောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူက အီဂျီဆောင်းကလွဲ ဘယ်သူရှိဦးမှာ ။

သုံးလသား သားသားကို ချော့နေတဲ့ ကိုကို့ကို ရယ်ပြီး ရုပ်ရှင်ဆက်ကြည့်နေတဲ့ ဂျယ်မင်းကို ကိုကိုကတော့ အိပ်ချင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့ ။

" ဘေဘီ သားသားကို ခဏကြည့်ထားပေး "

" ဟုတ်ကဲ့ ဆရာ "

ကိုကိုက ဂျယ်မင်းကို မျက်စောင်းထိုးသွားတာကို ဂျယ်မင်းက တိတ်တိတ်ကလေး ပြုံးရတယ် ။ အခုထက်ထိ အဲ့ဒီ ဆရာဆိုတဲ့ အသုံးကို မကျေနပ်တုန်း ကိုကိုရယ် ။ ဂျယ်မင်းကလည်း ကိုကို့ကို စချင်တဲ့အချိန်တိုင်းမှာ မျက်စောင်းတစ်ခုရဖို့အရေး အဲ့လို ခေါ်တတ်ရတယ် အမြဲ ။

တကယ်တော့ ပြောရရင် သားသားက ကိုကို့ကိုသာ ဂျစ်တာ ၊ ဂျယ်မင်းနဲ့ဆိုရင် ငြိမ်လို့ ။
တခစ်ခစ်ရယ်အောင် ကလိထိုးတော့လည်း မျက်နှာချိုချိုကလေးဟာ ရယ်သံကလေးတွေထွက်လာတဲ့အထိ .. ချစ်စရာ ။

Nights of December || NoMin Where stories live. Discover now