အချစ်ဆိုတာကို

343 37 6
                                    

မတ်လ ၉ရက် ၂၀၂၄ ။

ဂျယ်မင်းရဲ့အဆောင်ကို ကိုယ်တိုင်ကိုယ်ကျ အရောက် လိုက်ပို့တော့ သူ့သူငယ်ချင်းတွေနဲ့ပါ တွေ့လို့ နှုတ်ဆက်ခဲ့တာကို အကုန်လုံးက တအံ့တဩနဲ့ ။ ဂျယ်မင်းကလည်း ထပ်တူ အံ့ဩလို့နေတယ် ။ သူ့လက်တွေကို ယှက်ထားပြီး အဆောင်ထဲကို ဝင်လာတဲ့ကိုကိုက ဘာကိုမှရယ် မမှုသလိုပါပဲ ။ ဟယ်ချန်းကတော့ အကုန်ကြိုသိသလို ထမင်းကို သုံးယောက်စာ ချက်ထားတာကို တွေ့ရတယ် ။

" ထမင်းတန်းစားကြမှာလား ဒါမှမဟုတ် ခဏနေမှ စားမှာလား "

အပိုစကားတစ်ခွန်းမဆိုဘဲနဲ့ ထမင်းစားဖို့အကြောင်းကို မေးလာတဲ့ ဟယ်ချန်းကို ဂျယ်မင်းက သွားဖက်တော့ ဂျဲနိုက အခန်းထောင့်ကလေးမှာ ဒီအတိုင်း ရပ်ကြည့်နေဖြစ်တာပဲ ။
ဂျယ်မင်းက သူ့သူငယ်ချင်းကလေးကို ဘယ်လောက်ချစ်တယ်ဆိုတာက ထင်ထင်ရှားရှား မြင်ရတာပဲမို့ အရင်ကလို အတွေးမျိုးတွေဟာ အခုတော့လည်း မရှိအောင် တားဆီးခြင်း ခံထားရတာတွေဖြစ်သွားရဲ့ ။

ထပ်ပြီးတော့ နာကျင်ရတာမျိုး မရှိတဲ့ ဆက်ဆံရေးကလေး တည်ဆောက်တော့မှာလို့ ကိုယ့်ဘာသာ ပေးထားတဲ့ ကတိကို မဖျက်ဆီးဖို့အတွက် ပထမဆုံး ခြေလှမ်းမှာ ဂျဲနိုက ဂျယ်မင်းဖြစ်စေချင်တာတွေ အကုန်ဖြစ်အောင် ကြိုးစားခဲ့ပြီး ဒုတိယအဆင့်မှာတော့ ဂျယ်မင်းကို အပြည့်အဝ ယုံကြည်ဖို့ ကြိုးစားတော့တာ ။

" စားရအောင်လေ .. ညနေစာ စားချိန်ရောက်နေပြီ "

ဂျဲနိုက ဂျယ်မင်းရဲ့ဘေးမှာထိုင်ပြီး ဟယ်ချန်းက သူတို့ရဲ့ အရှေ့မှာ ထိုင်ရင်း စားနေတဲ့ ထမင်းစားပွဲ ။
ဂျယ်မင်းကြိုက်တဲ့ဟင်းဆိုတာက ဒီအတိုင်း ပဲငံပြာရည်ထမင်းကြော်နဲ့ ကြက်ရင်ပုံကို ကြော်ထားတာတွေပဲ ဖြစ်တယ် ။

တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းလေးထဲ ဘယ်သူကမှ စပြီး စကားမပြောဖြစ်ကြတာ ထမင်းတွေ တစ်ဝက်ကျိုးတဲ့အထိပဲ ။
ဖုန်းသံတစ်ခုထွက်လာပြီးတော့မှ ဒီစားပွဲမှာ အသံနဲ့နောက်လူတစ်ယောက် အပိုပါလာတော့ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတော့တယ် ။

" ထမင်းစားနေတာလား "

" အင်း .. ဂျယ်မင်းနဲ့ "

Nights of December || NoMin Where stories live. Discover now