အတူတူရှိခဲ့ကြတဲ့ နေ့တွေ

315 42 31
                                    

၂၀၁၈ ဒီဇင်ဘာ ၂၅ ။

အဲ့ဒီလူက ဂျယ်မင်းကို အိမ်လိုက်ပို့တော့ မနက် နှစ်နာရီ ထိုးနေပြီ ။ ဟယ်ချန်း သီချင်းစဆိုရတဲ့ ည၁၀နာရီကနေ အခုထိ မီးပုံပွဲတွေ ၊ ဂိမ်းကစားတာတွေ လုပ်ရင်း ပျော်ရွှင်နေကြတာကနေ ညနက်မှပဲ ပွဲသိမ်းဖြစ်ကြတော့တာ ။

သူ့ကို ဖွင့်ပြောထားတဲ့လူကတော့ ဆရာဖြစ်နေတာကြောင့် ဂျယ်မင်းအနား ဆက်တိုက်ကပ်နေဖို့ မဖြစ်နိုင်သလို ဂျယ်မင်းကလည်း အဲ့ဒီလူ ဆွဲခေါ်လို့မရအောင် သူငယ်ချင်းတွေကြား တိုးပြီး ပျော်ရွှင်နေတော့တာ ။

Christmas Eveညမှာ ဖွင့်ပြောခံရပေမဲ့ ဂျယ်မင်းက အဖြေပေးလိုက်တာမဟုတ်လို့ သူတို့က အခုထိ ချစ်သူရည်းစားတွေ မဖြစ်ကြသေးဘူး မဟုတ်လား ။ ဘယ်တော့ဖွင့်ပြောမလဲဘဲ စောင့်နေတာက လက်ခံပါတယ်လို့ ပြောလိုက်တာမှ မဟုတ်တာ ။

သူ့ကို ဖွင့်ပြောထားတဲ့ အဲ့ဒီဆရာက အိမ်ပြန်လိုက်ပို့တာကိုတော့ ဂျယ်မင်းက ဘယ်လိုမှ မခံစားရဘူး ။ နှစ်မိနစ် ၊ သုံးမိနစ်စာ လမ်းက အခုမှ လူတွေ စုပြုံပြန်နေကြလို့ ငါးမိနစ်လောက် ကြာသွားတာကလွဲရင် ဘာမှလည်း ထူးခြားမနေသလို ဂျယ်မင်းကလည်း ဆရာ့ကို လှည့်မကြည့်ဖြစ်ပါဘူး ။

ဒါပေမဲ့ ဆရာကတော့ မဟုတ်ဘူး ။ သူ့ကို တကြည့်ကြည့်လုပ်နေတာကို ဂျယ်မင်းရဲ့ မျက်လုံးထောင့်တွေကနေ မြင်နေရတယ် ။ ဟယ်ချန်းက ဒီည အိမ်ပြန်အိပ်လို့ရမှာမဟုတ်လို့ ဆရာက သူ့ကို အိမ်လိုက်ပို့နိုင်တာဖြစ်ပေမဲ့ အိမ်ရောက်တော့ကျ အိမ်ထဲ မခေါ်ဘဲ နှင်ထုတ်လို့လည်း မဖြစ်ဘူး ဖြစ်သွားရတယ် ။

" ဝင်ဦးမှာလား ။ ကျွန်တော် အိပ်ချင်နေပြီမို့ ဆရာမဝင်တော့ရင် တံခါးပိတ်ပြီး သွားအိပ်တော့မှာ "

သူက ပြောလိုက်ပေမဲ့ ဆရာက ဘာတစ်ခုမှ ပြောမလာဘူး ။ အဲ့ဒီအစား လူတစ်ယောက်လုံး အိမ်ထဲ ရောက်လာတာ ။

" ကော်ဖီ ဖျော်ပေးရမလား ။ အခုမှ ကော်ဖီဖျော်တိုက်ရင်တော့ ဆရာ တစ်ညလုံး ငုတ်တုပ် ထိုင်နေရတော့မှာ "

ဘာမှ ချကျွေးလို့မရ ၊ ဖျော်တိုက်လို့မရတဲ့ အချိန်ကြီးမို့ အိမ်ပိုင်ရှင်က အကျပ်ရိုက်ရပေမဲ့ အဲ့ဒီဆရာက အဲ့ဒီလို ထင်ပုံမရသလို သူလိုချင်နေတာကလည်း တစ်ခုခု ဖျော်တိုက်တာတွေ ချကျွေးတာတွေ ဖြစ်မနေဘူး ။

Nights of December || NoMin Where stories live. Discover now