ပြန်ပြီးခံစားလာနိုင်မယ်လို့

321 37 32
                                    

၂၀၂၄ မတ်လ ၉ရက် ။

" ဘာပြောမလို့လဲ "

ဟယ်ချန်းရဲ့ ဘုဆတ်ဆတ်စကားက စစ်ထိုးနေတဲ့ အကြည့်တွေကြားမှာ ထွက်ပေါ်လာမှ သူတို့ကြားက ငြိမ်သက်မှုဟာ တရွေ့ရွေ့ပျောက်ကွယ်သွားတယ် ။

ဆရာလို့တောင် မခေါ်နေဘူးပဲ ဆိုတဲ့အတွေးကိုတော့ မတွေးဖြစ်အောင် နေရင်းကနေ ဖြစ်ခဲ့သမျှအပေါ် ပြန်ကြည့်ရင် ဖြစ်သင့်ပါတယ်လို့ ဂျဲနိုက တွေးမိခဲ့ရရဲ့ ။

" ဘယ်က စပြောရမှန်း မသိပေမဲ့ .."

ဟယ်ချန်းက လေးစားသမှုရှိတဲ့ပုံမပေါ်လည်း သေသေချာချာ နားထောင်နေတာကိုတော့ ဂျဲနိုက မြင်ရပါသေးတယ် ။

" ကျေးဇူးတင်ပါတယ်လို့ ပြောချင်လို့ပါ ။ ကိစ္စတွေ အကုန်လုံးအတွက်လေ "

ဟက်ခနဲ ရယ်လိုက်သံဟာ လှောင်လိုက်တာလားလို့ ထင်မိတော့ တကယ်ဖြစ်နေတယ် ။

" ဘာကိုလဲဟင် ။ ဂျယ်မင်းအနားမှာ အမြဲရှိနေပေးတာကိုလား ၊ ဂရုစိုက်ပေးတာကိုလား ၊ ရည်းစားအတု လုပ်ပေးနေခဲ့တာကိုလား ၊ ခင်ဗျားရှေ့ နမ်းပြတာကိုလား "

ဟယ်ချန်းက ဂျယ်မင်းရဲ့ အနီးဆုံးလူဖြစ်နေတာမို့ ဖြစ်ခဲ့သမျှအပေါ်မှာ ဂျဲနိုကို မကြည်မလင်ဖြစ်မဲ့ လူပဲလို့ကတော့ သိရှိပြီးသား ဖြစ်ပေမဲ့ တကယ်ဖြစ်နေတော့ကျ ခံစားရ ခက်သားနဲ့ ။

" ဟယ်ချန်း "

" ဒီအတိုင်း ဘာကို ကျေးဇူးတင်နေတာလဲလို့ ကျွန်တော် နားမလည်ဘူး ။ တကယ်ပါ ။ အရင်ကအတိုင်း ထပ်ဖြစ်လာမှာဆိုရင် ဂျယ်မင်းကို ကျွန်တော် အခန်းထဲ ပိတ်ထားတာမျိုး လုပ်ရလုပ်ရ သူ့အိမ်ကိုပဲ တိုင်ရတိုင်ရ အကုန်လုပ်မှာ ။ သူတအား ပင်ပန်းထားတာမို့လေ .. အရင်ကအတိုင်းပဲ ပြန်ဖြစ်နေမှာလို့ တွေးရင် သူ့ကို ဇာတ်လမ်းတွေ ပြန်မစပါနဲ့ ။ ကျွန်တော် တောင်းဆိုတာပါ "

ဂျဲနိုမှာ ပြောစရာတွေ ပျောက်ရတယ် ။ ဂျယ်မင်းကလည်း ပင်ပန်းခဲ့သလား ၊ ခံစားနေခဲ့သလား တစ်ခုမှ မသိခဲ့တဲ့လူ ဖြစ်ပေမဲ့ ဟယ်ချန်းက ထုတ်ပြောလာတဲ့ပုံအရဆိုရင် သူတစ်ယောက်တည်း မျှော်ရင်း ရူးနေခဲ့တာဟာ လုံးဝကို မဟုတ်ခဲ့တဲ့ပုံပါပဲ ။

Nights of December || NoMin Where stories live. Discover now