၂၀၂၃ ဒီဇင်ဘာ ။
မာစတာတန်း ကျောင်းသားတွေ အနေနဲ့ ပြောရရင် အငယ်တန်းကျောင်းသားလေးတွေရဲ့ tutorဟာ အထူးတလည် သူတို့နဲ့ ပတ်သက်စရာ မရှိဘူး ။ ဆရာတစ်ယောက်လို လေးစားသမှုရှိပေးတာကလွဲရင် သက်တူရွယ်တူတန်းတွေ (ဒါမှမဟုတ်လည်း သူတို့ထက် ငါးနှစ်တောင်ပိုမကြီးနိုင်တဲ့) အရွယ်က ဂိတ်ဆုံးပဲမို့ ထူးခြားနေတာမျိုး မဟုတ်တော့တာ ။
တကူးတကကြီး တိုက်ဆိုင်တာရယ် မဟုတ်ပေမဲ့ ညနေစာစားမလို့ စားသောက်ဆိုင်တစ်ခုကို ဟယ်ချန်းနဲ့ အတူသွားရင်း ဟယ်ချန်းက တို့လာတာမို့ ငေးကြည့်တော့ ခပ်လှလှ အမျိုးသမီး တစ်ယောက်ကို မြင်တယ် ။
" tutorအသစ်ဆိုတာ "
သေချာငေးစိုက်ကြည့်ရင်တောင် တူမနေတဲ့ မျက်နှာကို ဟယ်ချန်းက ဘယ်လိုများ တူတယ် ထင်နေရတာလဲ ။ အဲ့ဒီ အမျိုးသမီးက ထပ်ပြီး ကိုရီးယားလူမျိုးတော့ မဟုတ်နိုင်ဘူးလို့ ဂျယ်မင်းက တွေးမိတယ် ။ ဒါပေမဲ့ အာရှဘက်က မျက်နှာချိုးတွေဟာ ထူးခြားပြီး ကွာဟနေတာမဟုတ်ဘူး ။
ဒီကို ပြန်လာဖြစ်တဲ့အချိန်မှာ အငယ်တွေအတွက် လွတ်နေတဲ့ tutorနေရာအစား ဘာသာရပ်ဆရာတွေ အချိန်ပိုယူခဲ့တာကိုတော့ ဟယ်ချန်းရဲ့ music clubက အငယ်လေးတွေကြောင့် သိခဲ့ပြီးသား ။ ဘာလို့များ ထပ်ပြီး အာရှက လူတွေပဲလဲ ။ ဂျယ်မင်းက အဲ့ဒီလို တွေးမိတယ် ။ ဒီနေရာအတွက်က ဒီလို လူမျိုးခြားတွေကိုပဲ ခန့်နေတဲ့ပုံ ပေါက်နေပြီ မဟုတ်ဘူးလား ။
အချိန်တချို့ ကုန်သွားပုံပေါက်တာက သတိလက်လွတ်ဖြစ်နေတဲ့ ဂျယ်မင်း မသိလိုက်ခင်မှာပဲ ။ စိုက်ကြည့်ခံနေရတာကိုသတိထားမိတဲ့ အမျိုးသမီးက ဂျယ်မင်းနဲ့ ဟယ်ချန်းဆီ တည့်တည့်လျှောက်လာတယ် ။
" ကိစ္စတစ်ခုခုများ ဖြစ်လို့လားရှင့် "
အရှက်နဲ့ သိက္ခာ ။ ပညာတတ် မိန်းမတစ်ယောက်ရဲ့ စကားမျိုးပဲလား မပြောတတ်ဘူး ။ 'ဘာဖြစ်လို့ ကြည့်နေတာလဲ'ဆိုတဲ့ တခြားသူတစ်ဦးအမြင်မှာ first impression သိက္ခာထိပါးမဲ့ စကားမျိုးကို အသံတိုးတိုးနဲ့တောင် ထုတ်မပြောတာက ဂျယ်မင်းအတွက်တော့ မျက်ခုံးပင့်သွားရလောက်စရာ ဖြစ်တယ် ။
![](https://img.wattpad.com/cover/342312795-288-k177662.jpg)
YOU ARE READING
Nights of December || NoMin
Fanfictionဟိုအရင်က အပြာရောင်အိပ်မက်လေးကို ငါလေတမ်းတရင်း ကြေကွဲ ..။