နှင်းတွေကြားမှာ ချစ်ခဲ့ကြပြီး

263 41 13
                                    

၂၀၁၉ ဇွန်လ ။

" ဟ ကိုကိုရာ သွားစမ်းပါဆိုဗျာ "

ဂျယ်မင်းက စိတ်တိုနေတာ ။ သူ့ကို တပည့်လေးလုပ်နေပြီး တခြားအတန်းက ကောင်မလေးတွေနဲ့ ဖောဖောသီသီ ပြုံးရယ်ပြပြီး စကားတွေပြောနေတာက ဘယ်လို အခြေအနေမျိုးတွေလဲ ။

ဂျယ်မင်းက အခန်းထဲက ကောင်မလေးတွေနဲ့ကို တစ်စက်မှ သဝန်မတိုပေမဲ့ သူများအခန်းက လူတွေက ဂျယ်မင်းနဲ့ ဘာမှ သိနေတာ မဟုတ်လို့ ဘယ်လိုမှ ငြိမ်မနေနိုင်ဘူး ။
အဲ့ဒီမျက်လုံးတွေက ကိုကို့ကို ဝါးစားမတတ်ဖြစ်နေတာကို အလိုလိုက် အကြိုက်ဆောင်ပေးနေတဲ့ကိုကို့ကိုပါ ပိုပြီး ဒေါသထွက်ရလို့ ။

" ခင်ဗျား အခန်းထဲက ထွက်မလား ကျွန်တော် သူများအခန်း သွားနေရမလား "

ရည်းစားဖြစ်တာ ခြောက်လ ။
ဒီလိုမျိုး ရန်ဖြစ်တာကတော့ ပထမဆုံးပဲ ။
အမြဲတမ်း ကိုကိုက သူ့ကို တပည့်လေးလို ထားနေခဲ့သမျှ အဆင်ပြေနေခဲ့ပေမဲ့ ၊ ဟယ်ချန်းက သူ့ကို စိတ်ဆိုးတာတောင်မှပဲ ကာပြောပေးနေခဲ့သေးပေမဲ့ .. ဒီနေ့မှ ဂျယ်မင်းက ကျောင်းမှာ နောက်ကျတဲ့အထိ နေပြီး ကိုကို့ကို စောင့်လိုက်မိတာ ။

ကျောင်းအပြင်ကို ထွက်လာတဲ့အချိန် ဘေးမှာ ကပ်ပါလာတဲ့ ကျောင်းသူနှစ်ယောက်ဟာ ကိုကို့ကို အရှင်ရရ အသေရရ ကြိုက်နေကြမှန်း သတင်းတွေက ပျံ့လို့နေပြီးသား ။
အဲ့တာကိုတောင် ကိုကိုက ရယ်မောလို့ သူငယ်ချင်းတွေလို နေပေးနေတာ ပိုတောင် စိတ်တိုစရာ ။

" သူတို့က တပည့်လေးတွေလေ ဂျယ်မင်းလေးရ ။
ရှောင်ပေါင်ပေါင်းက အဲ့တာ ကိုကို့ကို မယုံနေတာ မဟုတ်ဘူးလား "

ဆက်တိုက်ကို ဂျယ်မင်းက တွေးခဲ့တာ ။
ကိုကိုက ဘယ်လောက်ပဲ လူလွတ်ပုံစံနေပါစေ သူ့ကိုယ်သူ ထိန်းကျောင်းနေမှာပဲလို့ ၊ ဆရာဖြစ်နေလို့ တည်ကြည်နေမှာပဲလို့ အဲ့ဒီလို တွေးခဲ့တာလေ ။

ဒါပေမဲ့ အဲ့တာတွေ တကယ်မဟုတ်ခဲ့ဘူး ။
ကိုကိုက ဂျယ်မင်း မသိတဲ့ဘက်မှာ သူ့ကို ကြိုက်နေမှန်း သိပ်သိသာနေတဲ့ မိန်းမတွေနဲ့ ဖက်လှဲတကင်း ရှိနေတာ ။
အဲ့တာက ကိုကိုနဲ့ စတွဲဖြစ်ကတည်းက ဂျယ်မင်းမနည်း တည်ဆောက်ထားရတဲ့ ယုံကြည်မှုကလေးကို ဖျက်ဆီးလိုက်တာလိုမျိုး ။

Nights of December || NoMin Where stories live. Discover now