Chapter One

3.2K 213 8
                                    


"သမီးငယ်"

"နာရီလေး ဘာလေး ကြည့်ဦးလေ။ ကျောင်းသွားဖို့နောက်ကျနေပြီနော်"

"ရေချိုးနေတာလား သမီးလေး"

Mommy ရဲ့အသံ​သည် အခန်းအပြင်ဘက်၌ မရပ်မနား ထွက်ပေါ်နေတာကြောင့် စောင်အောက်ထဲကနေ ခေါင်းလေးအရင် ထွက်လိုက်မိသည်။ ထို့နောက် ကုတင်ဘေးက စားပွဲခုံပေါ်သို့ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေဖြင့် အကြည့်အရောက်မှာတော့ ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်မိသည်အထိ အလန့်လန့် အဖြန့်ဖြန့်ဖြစ်သွားရတော့၏။

"Mommy သမီးကိုဘာလို့ စောစော လာမနှိုးတာလဲ !!"

ထိုအော်သံနဲ့အတူ ရေချိုးခန်းဆီသို့ တန်းနေအောင် ပြေးရလေတော့သည်။

"Mommy ရေ သမီးသွားပြီနော်"

"မနက်စာ စားသွားဦးလေ"

"နောက်ကျနေပြီလေ Mommy ရဲ့"

"ပေါင်မုန့်တစ်ကိုက်နဲ့ နွားနို့ တစ်ငုံလောက်ပဲ။ လာ ဒီကိုပြန်လာခဲ့"

ဖိနပ်ကြိုးလေးကို ချည်နေရင်းနဲ့ ခြေထောက်တော့နဲ့တော့နဲ့ဖြင့်သာ Mommy အနား အပြေးလေးသွားရတော့သည်။ မားမားဂဲလ်လေးဖြစ်တာမို့ မိမိရဲ့ဘဝမှာ Mommy စကားသည်သာ အရာရာပဲ။

"ပထမဆုံး ကျောင်းတက်ရမယ့်ရက်မှာ နောက်ကျရလား။ ညတုန်းက ညည့်နက်တဲ့အထိ ကာတွန်းကားတွေကြည့်နေပြန်တယ်မလား"

ပေါင်မုန့်ကို တကိုက်လောက်သာ ကိုက်ပြီး နွားနို့နဲ့ မျောချနေချိန်ဖြစ်တာမို့ Mommy စကားကို လက်ဟန်ဖြင့်သာ ဘူးခါငြင်းရတော့သည်။

"ကာတွန်းတွေ မကြည့်ပါဘူး Mommy ရယ်။ ညတုန်းက စောစောလည်း အိပ်တယ်။ ပြီးတော့ alarm ကိုလည်း ၁၅ မိနစ်ခြားတစ်ခါ ပေးထားရက်သားနဲ့ ဘာလို့အိပ်ပျော်သွားလည်းမသိဘူး"

"ဘယ်သူနဲ့တူလို့ အဲ့လောက်တောင် ဆင်ခြေတွေ ပေးတက်ရတာလဲ"

"သေချာပေါက် Mommy နဲ့တူတာပေါ့"

"ငါနော် လုပ်လိုက်ရ"

Every summer afterWhere stories live. Discover now