Chapter Thirteen

1.6K 152 4
                                    

အရှက်ကြီးလွန်းတဲ့ အစ်မသည် Jennie ကျောင်းယူနီဖောင်း လဲနေချိန်မှာတောင် မျက်နှာကြီးရဲပြီး ကျောခိုင်းသွားတာကြောင့် အကျင့်ယုတ်လွန်းစွာနဲ့ သူ့အရှေ့တည့်တည့်မှာ သွားရပ်မိပြီး စကပ်ဝတ်ပြသည့်အခါမှာလည်း ခေါင်းကြီးငုံ့သွားပြန်သည်။

"ကလေးနော် မဆိုးနဲ့"

"အစ်မက ယူနီဖောင်းလေးတောင် မဝတ်ပေးချင်ဘူးလား"

"မဝတ်ပေးချင်လို့မဟုတ်ပါဘူး ကလေးရယ်"

"အဲ့တာဆို ဘာလို့လဲ"

စကပ်က ဝတ်ပြီးပြီဆိုပေမယ့် ကျောင်းအင်္ကျီကတော့ ကြယ်သီးတွေ မတပ်ရသေး။ ထိုင်ခုံပေါ် ရှိနေတဲ့ အစ်မရှေ့ ခါးလေးကိုင်းကာ မေးလိုက်တာတော့ Jennie ရဲ့ ရင်ဘတ်ပေါ် အကြည့်တွေရောက်လာလေတော့သည််။

"ကြယ်သီးကို သတိထားနော်။ အနီကွက်တွေ သူများမြင်ကုန်မယ်"

အစ်မသည် ရင်ညွန့်နားက အနီကွက်လေးတွေပေါ်သို့ နှုတ်ခမ်းနဲ့ ထိကပ်နမ်းပြီးမှသာ လည်ပင်းနားထိ ကြယ်သီးတွေတပ်ပေးပြီး necktie အနီရောင်လေးကို ချည်ပေးလာတော့သည်။

"မြင်ရင် ဘာဖြစ်လို့လဲ"

"ကလေးကို ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ပဲ ထင်ကြမှာလေ။ အဲ့လိုထင်သွားတာနဲ့ ကလေးကို အထင်အမြင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လာကြလိမ့်မယ်။ အစ်မက အဲ့လိုမျိုး အဖြစ်မခံနိုင်လို့ ကလေးက စကားနားထောင်ပေးမယ်မလား"

"ဟုတ် နားထောင်မယ်"

ကျောပိုးအိတ်ကလည်း အစ်မ ပါရီကနေ ဝယ်လာပေးတဲ့ အညိုရောင်အိတ်လေးဖြစ်ပြီး သော့ချိတ်လေးကလည်း ပါရီကနေ ဝယ်လာတဲ့ ဝက်ဝံရုပ် သေးသေးလေးပင်ဖြစ်သည်။

"Mommy ရေ သမီးကျောင်းသွားတော့မယ်နော်"

"ပရီယာ အားလို့လား။ Aunty ပဲလိုက်ပို့လိုက်ပါ့မယ်"

"NO နော်။ အစ်မပဲ လိုက်ပို့ရမှာ။ မပို့ပေးရင် သမီးလည်း ကျောင်းမသွားတော့ဘူး"

ပရီယာ့ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းတဆူဆူနဲ့ ပြောနေတဲ့ ကလေးကြောင့် ဆွဲနမ်းချင်စိတ်တွေက တဖွာဖွာရယ်ပါ။

Every summer afterWhere stories live. Discover now