Chapter Ten

1.9K 170 6
                                    

"Ruby"

"ရှင် Daddy"

"သမီးတို့ရဲ့ ကျောင်းအုပ်က Daddy ဆီ ဖုန်းဆက်တယ်။ မနက်ဖြန်ကျရင် ကျောင်းကနေ လေ့လာရေးခရီးထွက်ဖို့ သမီးကိုပါ လိုက်စေချင်နေကြတယ်။ ကျောင်းပိတ်ရက်မှာ အနားယူလို့လည်း ရတာပေါ့"

"သမီး မလိုက်ချင်ဘူး Daddy"

"အမြဲအဲ့လိုကြီးပဲ။ လူဝင်ဆန့်အောင်နေမယ်မရှိဘူး။ ဆရာ ဆရာမတွေရော ကျောင်းအုပ်ကပါ ဒီလောက်ထိ အလေးပေးနေတာကို တခါတလေလောက်လေးတော့ သူတို့ဘက်ကိုလည်း ပြန်ကြည့်ပေးလိုက်ဦးလေ"

Daddy နဲ့အတူတူ စားရသည့် မနက်စာသည် Jennie ကို တခုမဟုတ် တခုနဲ့တော့ မျိုမကျဖြစ်စေ၏။ ဒီသမီးလေး တစ်ယောက်ထဲရှိတာကို လူကိုတွေ့တိုင်း အမြဲဆူပူနေတော့တာပါပဲ။

"လိုက်သွားလိုက်။ ကျောင်းအုပ်ကို Daddy ပြောထားပြီးပြီ။ သမီးကို အစစအရာရာ ဂရုစိုက်ပေးလိမ့်မယ်။ ငယ်ရွယ်တုန်းအချိန်မှာပဲ ပျော်လို့ရတဲ့လူငယ်ဘဝကို သေသေချာချာလေး ခံစားလာခဲ့"

"ဟုတ်ကဲ့"

Mommy ကတော့ ဘာမှ ဝင်မပြောဘဲ မျက်နှာငယ်နဲ့သာ။ ဒီလိုအိမ်ထောင်ရေးမျိုးကို မြင်တွေ့နေရတော့ Jennie စိတ်ကုန်မိတာတော့ အမှန်ပင်။

ချစ်လို့ယူထားကြပြီးမှတော့ တခုခုဆို တိုင်တိုင်ပင်ပင်ရှိရမှာ မဟုတ်ဘူးလား။ အကြောက်တရားတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတခုဆိုပေမယ့်လည်း Mommyကတော့ Daddyကို တော်တော်ချစ်ပုံပါပဲ။ ချစ်ကြောက်ရိုသေဆိုသလိုပေါ့။

Daddy က နိုင့်ထက်စီးနင်းလုပ်ပြီး နိုင်စားတာမျိုးလည်းမဟုတ်။ ဩဇာညောင်းတဲ့ အိမ်ထောင်ဦးစီးဖြစ်သည့်အပြင် Mommyကိုလည်း တုန်နေအောင်တော့ ချစ်ရှာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံချစ်နည်းခြင်း မတူကြတာမျိုးပေါ့။ သွေးအေးအေးနဲ့ ချစ်ပေးတက်တဲ့လူဆိုတော့ Jennie အပြစ်လည်း မဆိုဝံ့ပါဘူး။

လိုအပ်တာမရှိရလေအောင် ပြည့်ပြည့်စုံစုံ ထားပေးတဲ့ Daddy နဲ့ အချစ်တွေ ပိုလျှံထွက်သည်အထိ ချစ်ပေးနေတဲ့ Mommy တို့ကြားမှာ ကြီးပြင်းနေရသူမို့ သူများတွေထက်စာရင် တော်တော်လေး ကံကောင်းတယ်လို့တော့ ပြောရမှာပါပဲ။

Every summer afterWhere stories live. Discover now