အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုဟာ သူများတွေအတွက်တော့ နာကျင်စရာ အခိုက်အတန့်တွေသာ များခဲ့ကြပေမယ့် Jennie အတွက်ကတော့ လုံးဝမဟုတ်ခဲ့ပေ။လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက နွေဦးရာသီတစ်ခုမှာ အစ်မနဲ့ စတွေ့ခဲ့ကြနောက်ပြီး နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့ရကြတဲ့ ဥတုရာသီတွေဟာ ဘယ်လောက်တောင်မှ များခဲ့လိုက်သလဲ။ ကြီးကြီးမားမား အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ ရာသီတွေကို ရောက်လာခဲ့ရင် တချိန်တုန်းက အခိုက်အတန့်တွေကို ပြန်ပြောဖြစ်ကြပြီး ချစ်မဝ ဖြစ်ရလွန်းလို့ ရိုးအီတယ်ဆိုတာ ဘယ်လိုမျိုးလဲတောင် မေးယူချင်မိပါရဲ့။
နွေဦးရာသီတွေ တခုပြီးတခု ကုန်လွန်လာတိုင်း ချစ်သူသက်တမ်း ကြာမြင့်လာရုံလွဲပြီး Jennie နဲ့အစ်မဟာ တစ်ယောက်ကိုတစ်ယောက် ရူးခါနေအောင် ချစ်နေကြစမြဲပါပဲ။
ဖြတ်သန်းလာရင်းနဲ့ ၆ နှစ်ကြာ ကုန်လွန်လာပြီးသည့်နောက်မှာတော့ Jennie သည်လည်းဘဲ ဆေးကျောင်းမှာ စာအတော်ဆုံး ကျောင်းသူတစ်ယောက်အဖြစ်နဲ့ နှစ်စဉ်နှစ်တိုင်း ဆုတွေလဲ ရခဲ့သလို နောက်ထပ်တစ်နှစ်ဆိုရင် ကျောင်းပြီးလို့ ဆရာဝန်တစ်ယောက်ဖြစ်ရတော့မယ်တဲ့လေ။
ပြီးတော့ သိပ်မကြာခင်မှာပဲ အစ်မရဲ့ ဇနီးတစ်ယောက်အဖြစ်နဲ့ ကမ္ဘာပေါ်မှာ အပျော်ရွင်ရဆုံး လူတစ်ယောက်အဖြစ် Jennie နေခွင့်ရတော့မယ်။
အခုဆို Jennie အသက်က ၂၅ နှစ်။ အစ်မကတော့ ၃၄ နှစ်ပေါ့။ အစ်မလို မိန်းမအတွက်က အသက်အရွယ်ဆိုတာဟာ ကိန်းဂဏန်းတခုအနေနဲ့သာ အကျုံးဝင်ပုံပါပဲ။ တည်ငြိမ်ရင့်ကျက်လွန်းတဲ့ အလှတရားတွေနဲ့ အောင်မြင်နေတဲ့ business women တစ်ယောက်အဖြစ် တောက်ပနေလိုက်တာများ။ ကျောင်းမှာဆို Jennie နဲ့ နေရာချင်းလဲချင်နေကြတဲ့ မိန်းကလေးတွေက ခပ်များများရယ်ပါ။
"Happy 7 years anniversary ပါ Jane"
ပြီးတော့ Jennie တို့ရဲ့ ချစ်သူသက်တမ်းဟာ ၇ နှစ်တောင် ရှိလာခဲ့ပြီတဲ့လေ။ အသက် ၁၇ နှစ်အရွယ်ကတည်းက အတူတူရှိလာခဲ့ကြတာ အသက် ၂၅ နှစ်အထိ Jennie အနားမှာ အစ်မဟာ ရှိနေမြဲ။ ချစ်နေမြဲ။ ယုယပေးနေမြဲ။
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းပဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...