Chapter Seven

1.7K 167 1
                                    

အစ်မရဲ့ခေါ်ဆောင်ရာအတိုင်း လိုက်ပါခဲ့မိသည့်အခါ ရင်ထဲမယ်လည်း တသိမ့်သိမ့်နဲ့။ ဆိုင်ကယ်နဲ့မဟုတ်ဘဲ ဒီတခါမှာတော့ Jennie တသက်နဲ့တကိုယ် မမြင်ခဲ့ဖူးသည့် Rolls Royce phantom ကားအနက်ရောင်နဲ့တဲ့လေ။ ကားတံခါးဖွင့်ပေးလာတဲ့ အစ်မကြောင့် ကားအတွင်း ဝင်ထိုင်လိုက်တာနဲ့ ပရန်ပရီယာဆိုတဲ့ စာတန်းလေးဟာ ကားတံခါးဘောင်ပေါ်မှာ အမှတ်တံဆိပ်တောင် ရိုက်နှိပ်ထားသေးသည်။

"ခဏနော်"

ထိုကဲ့သို့ခွင့်တောင်းပြီးမှ Jennie နား ကပ်လာတာကြောင့် မျက်လုံးတွေကို မှိတ်ချလိုက်မိပြန်သည်။ သို့သော် ထိုင်ခုံခါးပတ်ပေးနေမှန်း သိလိုက်ရတော့မှ Jennie မှာ ရှက်ကိုးရှက်ကန်းနဲ့။

"အစ်မရဲ့အိမ်က ဝေးလား"

"နည်းနည်းလောက်ပါပဲ။ ကလေး အိပ်ချင်ရင် အိပ်နှင့်ပါလား။ အိမ်ရောက်ရင် အစ်မ ပွေ့ချီပြီး ခေါ်သွားပေးမယ်"

သေချာပေါက်ကို အိပ်ချင်ယောင်ဆောင်ရတော့မည့် နေ့ဖြစ်သည်။

"ဟုတ် အရမ်းအိပ်ချင်နေလို့ အိပ်တော့မယ်"

အစ်မသည် ခလုတ်တခုကို နှိပ်လိုက်တာကြောင့် Jennie ဘက်က ထိုင်ခုံသည် လှဲလို့အဆင်ပြေမည့် အနေအထားထိ ဖြစ်သွားရ၍ အစ်မကို ခိုးကြည့်ရန် အဆင်ပြေသွားလေပြီ။

ကားမောင်းနေရင်းနဲ့တောင်မှ Jennie ကို လှမ်းလှမ်းကြည့်လာတာကြောင့် မျက်လုံးတွေကို မှိတ်မှိတ်ပစ်ရတာလည်း အမော။ ဘေးတိုက်အနေအထားနဲ့ မြင်ရတဲ့ အစ်မရဲ့မေးရိုးတွေက သိပ်မိုက်လွန်းတာပဲ။ နှာတံလေးဆိုလည်း ထင်းနေတာပဲ။

ကားရပ်သွားသည့်အခါ အိမ်ရောက်ပြီဆိုတဲ့ အသိနဲ့ အိပ်ချင်ယောင်ဆောင်နေမိတော့သည်။ ထို့နောက် မိမိဘက်က တံခါးကို ဦးဆုံး ဆွဲဖွင့်လာပြီး

"ပွေ့ချီမယ်နော်"ဟု လေသံတိုးတိုးနဲ့ ခွင့်တောင်းပြီးကာမှ ဒူးခေါင်းအောက်ဘက်နဲ့ ကျောပြင်အောက်သို့ လက်လျှိဝင်လာတော့သည်။ အိပ်ပျော်နေတဲ့လူကိုတောင် ခွင့်တောင်းပြီးမှ ထိကိုင်တတ်တာ ဘယ်လောက်တောင် ယဉ်ကျေးမှုရှိလိုက်သလဲ။

အစ်မဆီကနေ အမြဲတမ်းရနေတဲ့ ချိုချဉ်ရနံ့နဲ့ ရေမွှေးသည် Jennie ရဲ့ နှာခေါင်းနား ပျံ့လွင့်နေပြီး ရင်ထဲမယ် တသိမ့်သိမ့်။ ရင်ခွင်ထဲ ရောက်နေရသည်မို့ ရင်ခုန်သံတွေကို အစ်မ ကြားသွားမှာတောင် စိုးထိတ်နေမိသည်အထိပင်။

Every summer afterWhere stories live. Discover now