🌸🎀

2.5K 140 7
                                    

မင်္ဂလာပါရှင်။ အခုတင်ပေးထားတဲ့ Chapter Zero: forelskelse က အမြည်းအနေနဲ့ တင်ပေးတာပါ။ ဒီ fic လေးက လီလီ့ရဲ့မွေးနေ့အတွက် အမှတ်တရအနေနဲ့ ထုတ်ဖြစ်ခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ်။ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် ဝယ်ယူပြီးတဲ့အခါ ပိုက်ဆံကုန်ရကျိုး နပ်စေရမယ်လို့တော့ အာမခံရဲပါတယ်။

အရင် ရေးဖူးသမျှတွေနဲ့ မတူဘဲ နုနုပျိုပျိုလေး ဖန်တီးထားတာမို့ စိတ်ကို အေးချမ်းစေမှာပါ။ ငယ်ဘဝတွေကို ပြန်အမှတ်ရစေဖို့လည်း ရည်ရွယ်ပါတယ်။ အချစ်ဦး ရှိဖူးသူတိုင်း ဒီစာအုပ်လေး ဖတ်ရင်းနဲ့ သေချာပေါက် ပြုံးမိစေမှာပါ။ Age gap လေးလည်း ဖြစ်တာမို့ စိတ်ထဲ ကလိကလိဖြစ်နေမှာလည်း အသေအချာပါပဲ။ 🌝

နောက်တခုက စိတ်အပန်းပြေစေဖို့ ရည်ရွယ်ထားတဲ့ fic တပုဒ်ဖြစ်တာမို့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဦးအပေါ်ထားတဲ့ သူ့စိတ်ကလေးနဲ့ တဖက်အမျိုးသမီးရဲ့ တန်ဖိုးထားတက်မှုတွေကို မြင်သာအောင် ရေးထားတာမို့ ကြည်နူးနေရမယ်ဆိုတာကိုလည်း အာမခံရဲပါတယ်ရှင်။

လီလီ့ရဲ့မွေးနေ့နဲ့ စာရေးသူရဲ့မွေးနေ့က တရက်ထဲပဲ ကွာတာမို့ မွေးနေ့အမှတ်တရအနေနဲ့ ထုတ်ပေးခြင်းဖြစ်တဲ့အတွက် Wattpad ထဲ ပြန်တင်ဖို့ကတော့ အချိန်တခု ကြာဦးမှာပါနော်။ စာဖတ်သူတွေ လက်ထဲကို စာအုပ်လေးတွေရောက်ပြီး အားလုံးဖတ်ပြီးပြီဆိုတဲ့ အချိန်တခုကြာမှ Wattpad ထဲ ပြန်တင်ပေးမှာပါ။

(ဖြစ်နိုင်ရင်တော့ မတင်ပေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်မယ့် စာဖတ်သူလေးတွေအတွက် တင်ပေးရခြင်းဖြစ်ပါတယ်)

တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား။ ဒီနှစ် မွေးနေ့လေးက ၂၇ ရက်နေ့မှာ ၂၇ နှစ် ပြည့်တော့မယ့် လီလီလေးအတွက် တခုခုချန်ခဲ့ဖို့ တွေးလိုက်မိလို့ပါ။ လီလီ အသက် ၂၇ နှစ်ပြည့်တုန်းက ထုတ်ခဲ့တဲ့ စာအုပ်လေးလေဆိုပြီး နောင်တချိန်မှာ အမှတ်တရတခုအနေနဲ့ ကျန်ခဲ့ချင်ရုံပါပဲ။ အဲ့တာကြောင့် ဒုတိယအကြိမ် ထုတ်ဝေတာမျိုးလည်း လုံးဝ (လုံးဝ) ရှိလာမှာမဟုတ်ပါဘူး။

စာအုပ်ထုတ်ရလောက်တဲ့အထိ တော်လွန်း တတ်လွန်းနေတဲ့ စာရေးသူတစ်ယောက်တော့ (လုံးဝ လုံးဝ)မဟုတ်ရပါဘူးရှင်။ ဘာဆို ဘာမှမဟုတ်တဲ့ သာမန်စာရေးသူ တစ်ယောက်ပဲမို့ သေးငယ်တဲ့ အခုလို အမှတ်တရလေးတွေကို အတူတူဖန်တီးပြီး ချန်ခဲ့ချင်တဲ့ သဘောပါပဲ။ အထင်အမြင်မလွဲမှားရင်တော့ ကျေးဇူးတင်မိမှာပါ။

Every summer afterWhere stories live. Discover now