Chapter Twenty-Four (Ending)

3.3K 224 17
                                    

နွေဦးရာသီ ရောက်လာတိုင်း ခြံဝင်းထဲက အပင်တွေရဲ့အောက်နားမှာ နှစ်ယောက်အတူတူထိုင်ရင်း စာအုပ်ဖတ်ကြသည်မှာလည်း အလေ့အကျင့်တခုသဖွယ်။

မိုးရာသီ ကူးပြောင်းလာပြန်ရင်လည်း အိမ်အရှေ့မျက်နှာစာနားက မှန်တွေနားမှာ Jane ငယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့ထည့်ရင်းနဲ့ ကော်ဖီသောက်ရတဲ့ အရသာကိုလည်း ပရီယာ ဘာနဲ့မှ မလဲနိုင်ခဲ့ပြန်ဘူး။

အေးလွန်းလှသည့် ဆောင်းဦးပိုင်းအစတွေမှာတောင် ပရီယာတို့နှစ်ယောက်ဟာ နွေးထွေးလွန်းစွာ ရှင်သန်နေထိုင်လျက်ပါပဲ။ အိမ်ယာထဲမှာ ဒါမှမဟုတ် ဧည့်ခန်းအတွင်းက ဆိုဖာအရှည်ပေါ်မှာ။ Jane ကို ရင်ခွင်ထဲ ထွေးပွေ့ဖက်ထားပြီး တဖွဖွ အနမ်းခြွေရတဲ့အခါ ပရီယာ့ရင်အတွင်းမှာ ကဗျာတွေဟာ အများအပြား။

Jane အပေါ်မှာ ချစ်မဝ နမ်းမဝ ဖြစ်ရလွန်းလို့ တခါတလေများဆိုရင် အရိုးတွေ ကျိုးကြေလုမတတ် အတင်းပွေ့ဖက် နမ်းရှိုက်ရသေးတယ်။

"အဲ့လောက်ထိဖြစ်နေရင် ညီမကို ပါးစပ်ထဲ ထည့်ထားလိုက်ပါလား အစ်မ"

"မထည့်ထားချင်ပါဘူး။ ဒီလိုမျိုးလေး တစိမ့်စိမ့်ကြည့်ပြီး ချစ်နေချင်တာ နမ်းနေချင်တာ"

ဧည့်ခန်းအတွင်းရှိ ဆိုဖာအရှည်ပေါ်တွင်ဖြစ်သည်။
ခြေဆင်းထိုင်နေတဲ့ ပရီယာရဲ့ ရင်ခွင်ထဲမှာ တိုးဝင်မှီတွယ်နေတဲ့ Jane လေးက ဆေးပညာဆိုင်ရာ စာအုပ်အထူကြီးကို ဖတ်နေရင်းနဲ့တောင်မှ အနမ်းတွေကို ပြုံးပြုံးကြီးနဲ့ ခံယူနေလေရဲ့။

"အစ်မ"

"ရှင်"

"ညီမတို့ ဟန်မြစ်နားက ကားခေါင်မိုးပေါ် သွားရအောင်"

"ရှိတောင် ရှိသေးရဲ့လားမသိဘူးနော်။ အဲဒီနေရာလေးမှာ အစ်မတို့ရဲ့ အမှတ်တရတွေ အများကြီးရှိခဲ့ကြတာ"

"သွားကြည့်ရအောင်လေ"

၁၇ နှစ်တုန်းကလိုပါပဲ။ အစ်မဟာ ဆိုင်ကယ်လေးမောင်းပြီး Jennie ကတော့ အစ်မရဲ့အနောက်ကနေ ခါးကို ဖက်ကာ လိုက်ပါမိပြန်တယ်။ အချိန်တွေ ကုန်လွန်သွားတာကလွဲရင် ထိုလမ်းလေးတွေဟာ အရင်တုန်းကအတိုင်း။ Jennie နဲ့ အစ်မရဲ့ ချစ်ခြင်းတွေဟာလည်း အရင်အတိုင်း ချိုမြိန်နေစမြဲ။

Every summer afterWhere stories live. Discover now