Chapter Six

1.6K 187 20
                                    


အထက်တန်း ဒုတိယနှစ် စတက်ကတည်းက Jennie အနားမှာ အမြဲလိုလို ရှိနေပေးခဲ့သည့်အစ်မသည် အခုလည်း ဒုတိယနှစ်ဝက် ကုန်လွန်ခါနီးအချိန်အထိ ရှိနေမြဲ ရှိနေဆဲပင်။

"ရည်းစားစာ ရဖူးလား ကလေး"

"မူကြိုကတည်းက ရဖူးတယ်"

"ဘယ်လို"

"တကယ်ပြောနေတာ"

ကျောင်းဆင်းချိန်တိုင်း အိမ်ကို တန်းမပြန်သေးဘဲ ကားအဟောင်းကြီးပေါ် လာထိုင်တက်တာဟာ အကျင့်တခုလိုဖြစ်နေခဲ့ရပြီ။ အစ်မနှုတ်ခမ်းနားက စပျစ်သီးအရသာနဲ့ ဆိုဂျူနံ့သင်းသင်းလေးကိုလည်း Jennie သဘောကျတက်ခဲ့ပြီ။

"ဖတ်ရော ဖတ်ကြည့်ဖူးလား"

"တစ်ခါမှ မဖတ်ကြည့်ခဲ့ဖူးဘူး။ သူငယ်ချင်းကိုပဲ လွှတ်ပစ်ခိုင်းတာ"

"ကလေးက အချေလေးပဲ"

"အစ်မ သိထားတာထက် အများကြီးချေတယ်"

"တော်သေးတာပေါ့။ အစ်မကို မချေလို့"

"မိန်းကလေးချင်း စိတ်ဝင်စားလား အစ်မ"

Jennie ရဲ့ အမေးစကားကြောင့် ဆိုဂျူပုလင်းတောင် လွှတ်ကျသွားသည်အထိ အစ်မက လန့်သွားတာတဲ့လေ။

"ဖြေပေး"

"ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အစ်မ သဘောကျရင် ရပါပြီ။ အချစ်ဆိုတာ သူ့အလိုလို ပေါ်ပေါက်လာတာမျိုးလေ။ အစ်မ ချစ်တဲ့လူသာဆို မိန်းကလေးဖြစ်နေလည်း အစ်မကတော့ ရဲရဲဝံ့ဝံ့နဲ့ လက်တွဲနေမှာပဲ"

"အစ်မထက် အသက်ကြီးတာကြိုက်လား။ အသက်ငယ်တာ ကြိုက်လား"

"အဲ့လိုကန့်သတ်ချက်မျိုးတော့ အစ်မမှာ မရှိပါဘူး"

"တကယ်လို့ အစ်မထက် အသက်အများကြီးငယ်တဲ့ လူနဲ့ တွဲရမယ်ဆိုရင်ရော"

အစ်မရဲ့ မျက်လုံးတွေသည် လုံးဝ မတည်ငြိမ်။ ပိုဆိုးတာက Jennie နဲ့ အကြည့်ချင်းလည်း ဆုံမလာတော့ဘူး။

"အစ်မ ချစ်ရင်ရပါပြီ။ အသက်ဘယ်လောက်ပဲ ငယ်ငယ် အဆင်ပြေတယ်"

"ဒါဆို အစ်မရဲ့ နှလုံးသားကိုရဖို့ ဘာတွေလိုလဲ။ ဘယ်လိုတွေပြုမူရမလဲ"

Every summer afterWhere stories live. Discover now