Chapter Seventeen

1.6K 167 2
                                    

အစ်မ အနေများတဲ့ ပါရီမြို့က တက္ကသိုလ်မှာပဲ ဆေးကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း Jennie ရဲ့ရွေးချယ်မှုကြောင့် ပျော်မဆုံးဖြစ်နေခဲ့ရသူမှာ အစ်မပင် ဖြစ်တော့သည်။ ကိုးရီးယားမှာ ကျောင်းဆက်တက်မည်ဆိုလျှင်လည်း ရနိုင်ပေမယ့် အစ်မ ပိုပင်ပန်းမည်ကို တွေးမိပြီး ထိုသို့ ဆုံးဖြတ်ရခြင်းကိုလည်း အစ်မက သိနေခဲ့ပြန်၏။

နောက်ထပ် နာရီပိုင်းလောက်ဆို အစ်မနဲ့အတူတူ ပါရီမြို့ကို သွားရတော့မည်။ Mommy ကတော့ မခွဲချင်ပေမယ့် ပညာရေးအတွက်မို့သာ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ရသည့်ပုံ။ ဟိုမှာက အစ်မလည်း ရှိနေမှာမို့ စိတ်အေးကြမယ်ဆိုတာလည်း Jennie သိနေခဲ့ပါတယ်။

"ထမင်းကို သေချာစားနော် သမီးလေး။ ဟိုရောက်ရင် ကျန်းမာရေးလည်း ဂရုစိုက်။ Mommy ဆီလည်း ဖုန်းအမြဲတမ်းဆက်"

"အစ်မနဲ့အတူတူ တစ်နှစ်တစ်ခါ ပြန်လာခဲ့မယ်နော်။ ဒီကြားထဲ Mommy တို့လည်း အလည်အပတ်အနေနဲ့ လာလည်လို့ရတာပဲ"

"သမီးရဲ့Daddy အလုပ်အားတာနဲ့ Mommy တို့ လာခဲ့မယ်"

Mommy ကို ပွေ့ဖက်ထားမိသည်မှာ အချိန်အတော်ကြာ။ မိဘရင်ခွင်နဲ့ တခါမှ မခွဲဖူးတာမို့ ငိုချင်ပေမယ့်လည်း Mommy စိတ်မကောင်းမှာစိုးလို့ စိတ်ကိုထိန်းထားရသည်။

"ပရီယာ့စကား နားထောင်နော်။ အရမ်းမဆိုးနဲ့ ကြားလား"

တိတ်ဆိတ်နေခဲ့တဲ့ Daddy ဆီက စကားကြောင့် အစ်မကိုလှမ်းကြည့်မိသည့်အခါ လူကို နွေးထွေးစွာပြုံးပြနေပြန်သည်။

"Uncle နဲ့ Aunty စိတ်ချပါ။ Jane ကို ပရီယာ သေချာလေး ဂရုစိုက်ပေးပါ့မယ်"

"Daddy ကို ချစ်တယ်။ Mommy ကိုလည်း ဂရုစိုက်ပေးနော်။ အလုပ်တွေပဲ ဖိလုပ်မနေနဲ့ဦး"

Daddy ရင်ခွင်ထဲ ပြေးဝင်သည့်အခါ ပွေ့ဖက်လာတဲ့ လက်တွေနဲ့အတူ ခေါင်းကို တဖွဖွပွတ်ပေးလာမှုတွေ။

"ကဲ ကဲ သွားကြတော့လေ လေယာဉ်မမှီဘဲ နေမယ်"

"ဒါဆို ပရီယာတို့ကို ခွင့်ပြုပါဦးနော်"

ဒယ်ဒီနဲ့မာမီ့ရှေ့မှာ တင်းခံထားရသမျှ စိတ်တွေက ကားပေါ်ရောက်လာတာနဲ့ ပြိုကျရတော့သည်။ အစ်မရဲ့ ရင်ခွင်ထဲဝင်ပြီး တသိမ့်သိမ့်ငိုနေမိလိုက်တာ လေယာဉ်ကွင်းထဲ မရောက်ခင်အထိ။

Every summer afterWhere stories live. Discover now