Chapter Twenty-Three

1.7K 172 5
                                    

"ငါ့သမီး ကလေးအမေဖြစ်ပြီဟေ့ !!"

Daddy ရဲ့ ပျော်ရွှင်စွာ အော်ဟစ်သံနဲ့အတူ Mommy ရဲ့ အပြုံးမျက်ရည်တွေ။ Jennie ကို ပွေ့ဖက်ထားတဲ့ အစ်မသည်လည်းပဲ မျက်ရည်စတွေနဲ့။

"Jane ကတော့ မငိုရဘူးလေ။ ဗိုက်ထဲမှာ ကလေးလေးရှိတာကို"

သုတ်ပိုးအလှူရှင်ရဲ့အကူအညီဖြင့် အစ်မရဲ့မမျိုးဥကို ထုတ်ယူပြီး ဖန်ပြွန်သန္ဓေတည်ရာတွင် အောင်မြင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ Jennie ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ အစ်မရဲ့မျိုးဥနဲ့ Jennie ရဲ့ အသွေးအသားကနေ ဖြစ်တည်လာရတော့မယ့် ဒီကလေးအကြောင်းကို တွေးကြည့်ရုံနဲ့တင် လူက ရူးချင်လာသလိုလိုပဲ။

"အစ်မရဲ့ Jane ငယ်လေးကို ကျေးဇူးအများကြီးတင်တယ်နော်။ ဒါပေမယ့် ကလေးကိုတော့ ခွဲမွေးပါ့မလို့ အစ်မကို ဂတိပေးပါ"

"ဟင့်အင်း ညီမ ခွဲမမွေးဘူး။ ရိုးရိုးပဲမွေးမှာ"

အစ်မသည် Jennie ရဲ့ လူနာကုတင်ပေါ်မှာ လာထိုင်ပြီး လက်တွေကို ဆုပ်ကိုင်လာတော့၏။

"ဘာလို့ ရိုးရိုးမမွေးခိုင်းလဲဆိုတာ အစ်မ မပြောလည်း Jane သိတယ်မလား။ တော်ကြာ မွေးခန်းထဲ ရောက်မှ မညစ်နိုင်တာတွေ မမွေးနိုင်တာတွေဖြစ်ရင် Jane ပိုပြီး ပင်ပန်းရလိမ့်မယ်"

"ညီမ အဆင်ပြေမှာပါ အစ်မရဲ့"

"အစ်မစကားကို ဒီတခါလေးပဲထပ်ပြီး နားထောင်ပေးပါလားဟင် Jane"

"နော် Jane"

အစ်မသည် Jennie နာကျင်ရမှာကို တွေးပူပြီး သူကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခဲ့သေးပေမယ့် သားအိမ်အားနည်းနေတဲ့အပြင် အသက်အရွယ်အရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ အခက်အခဲရှိနိုင်တာကြောင့် Jennie မွေးပေးဖို့အတွက် အခွင့်အရေးရလာခဲ့သည်။ အခုလည်းပဲ မျက်နှာငယ်လေးနဲ့ တောင်းဆိုနေပြန်တာကြောင့် Jennie မှာ မလွန်ဆန်နိုင်ခဲ့ပြန်။ Jennie ရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ အစ်မရဲ့လက်တွေအား ပြန်လည်အုပ်မိုးကာ ဆုပ်ကိုင်လိုက်ပြီး ပြုံးပြလိုက်မိတော့သည်။

Every summer afterWhere stories live. Discover now