Chapter Twenty-Two

1.6K 168 4
                                    

"Doctor Kim"

"လူနာရှိလို့လား"

"ဟုတ် Doctor ရဲ့ ရုံးခန်းထဲမှာ စောင့်နေပါတယ်"

ခွဲစိတ်ခန်းထဲကနေ ထွက်လာလာချင်းမှာပဲ သွေးတွေ စွန်းပေနေတဲ့ လက်အိတ်ကိုချွတ်ပြီး လက်တွေကို အရင်ဦးဆုံး သန့်စင်နေရင်းနဲ့ ဘေးနားက သူနာပြုစကားကြောင့် မျက်ခုံးတွေ ပင့်တက်သွားရတော့သည်။

"ရက်ချိန်းယူထားတဲ့ လူနာလား"

"ရက်ချိန်းတော့ မယူထားပါဘူး"

"ဘာဖြစ်လို့တဲ့လဲ"

"ခေါင်းမူးနေလို့တဲ့"

"ဘယ်လို။ ကျွန်မက နှလုံးအထူးကု ပါရဂူလေ။ ရိုးရိုးခေါင်းမူးတာလောက်က အထွေထွေကိုပဲ သွားပြရမှာမဟုတ်ဘူးလား"

"သူက Doctor နဲ့ပဲ ပြချင်တယ်ဆိုလို့"

"ဘယ်သူမို့လို့လဲ"

"Pranpriya Manoban ပါ။ Doctor ရဲ့ဇနီးလေ"

"ဘာပြောတယ် !!"

အပြေးတပိုင်း ထွက်လာမိတာက ရုံးခန်းရှိရာဆီကို။ အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနဲ့ မြင်တွေ့ရသည်မှာက အလုပ်စားပွဲရှေ့က ထိုင်ခုံပေါ်မှာ ကျောပေးလျက်ရှိနေတဲ့ အမျိုးသမီးတစ်ဦး၏ နောက်ကျောပြင်။

"အစ်မ !! အစ်မ ဘာဖြစ်လို့လဲ"

ငိုသံတွေနဲ့ မေးလိုက်သည့်နောက် အနောက်ကို လှည့်ကြည့်လာတဲ့ အစ်မသည် လှပစွာပြုံးနေတော့၏။ ထိုအပြုံးတွေကို မြင်ရမှပဲ Jennie မှာ အသက်ကို ရဲရဲရှုရတော့သည်။

"အစ်မက ဆိုးလိုက်တာ။ ညီမကိုလန့်အောင်လုပ်တယ်"

အစ်မကို အနောက်ကနေ သိမ်းကြုံးပွေ့ဖက်ရင်း ပြောရသည်။ ထိုအခါ Jennie ရဲ့လက်ကို ပြန်လည်ဆုပ်ကိုင်လာတဲ့ လက်တွေ။

"Doctor ကယ်မှရမယ့်ရောဂါ ဖြစ်နေလို့"

"ဘာရောဂါလဲ"

"အလွမ်းရောဂါလေ။ Jane က အစ်မကို ပစ်ထားတယ်"

"ဟောတော် ပစ်မထားရပါဘူး။ မနက်ကလေးတင် အစ်မကို ရုံးလိုက်ပို့ပြီးမှ ညီမက ဆေးရုံလာတာလေ"

"တနေကုန် စာလဲမပို့ ဖုန်းလဲမဆက်ဘဲ နေနေတာလေ"

"အဲ့လိုမဟုတ်ပါဘူး အစ်မရယ်။ ညီမ အခုလေးတင်ပဲ ခွဲခန်းက ထွက်လာတာ။ နှလုံးအစားထိုးတဲ့ လူနာရှိလို့လေ။ ၇ နာရီကျော်ကြာတဲ့အထိ ခွဲခန်းထဲ ရောက်နေလို့ပါ"

Every summer afterWhere stories live. Discover now