"ပရီယာ"
"ဟုတ် မေမေ"
"ထိုင်းကို ပြန်မလာတော့ဘူးလား သမီးရဲ့"
"လောလောဆယ်တော့ ပရီယာ ပြန်မလာချင်သေးဘူး မေမေ"
"ဟိုကလေးမလေးကြောင့်မလား"
"မေမေနော် သိရက်သားနဲ့"
Phone screen မှ တဆင့် မြင်နေသည်မို့ ရှက်ရွံ့စွာနဲ့ ခေါင်းလေးငုံ့လိုက်မိပြီးသည့်အခါ မေမေကတော့ အပြုံးတွေနဲ့ ကြည့်နေမြဲပင်။ သမီးဖြစ်သူရဲ့ စိတ်ကို သိနေသည့်တိုင်အောင် အပြစ်ဆိုခဲ့ခြင်း မရှိဘဲ လွတ်လပ်စွာ နေထိုင်ဖို့ ခွင့်ပေးထားသည်အထိ ပရီယာ့ရဲ့ မိဘနှစ်ပါးဟာ အမြင်ကျယ်လွန်းသူတွေသာ ဖြစ်တယ်။
"သမီး အဆင်ပြေတဲ့အချိန်မှ ပြန်လာခဲ့ပါ ဟုတ်ပြီလား။ ကလေးမလေးကိုလည်း မေမေက တွေ့ချင်သေးတာ"
"ဟုတ် မေမေ။ မွေးနေ့ကျရင် ပရီယာ မိတ်ဆက်ပေးပါ့မယ်"
ပရီယာ့မှာ ဖုန်းချပြီးသည်အထိ အပြုံးတွေဟာ မရပ်တန့်။ ပရီယာသည် မိဘရ ကံကောင်းလွန်းသူ ဖြစ်သောကြောင့် ဒါဟာ အစစ အရာရာမှာ တပန်းသာနေခဲ့ပြန်သည်။
ဒိုင်ယာရီစာအုပ်ထဲတွင် တစ်နေ့တာတွေကို ရေးမှတ်လေ့ရှိသူမို့ ဒီကနေ့ အဖြစ်အပျက်လေးတွေကိုလည်း အပြုံးတွေဖြင့် တွေးတောရင်း ချရေးနေမိပြန်သည်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က နေ့ရက်တွေဆီသို့ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ပြန်လှန်ဖတ်ရင်း ရင်ခုန်ကြည်နူးမှုတွေကလည်း အတိုင်းထက်အလွန်။
လူတိုင်းလူတိုင်းမှာ စိတ်ထွက်ပေါက်တစ်ခုစီကတော့ ရှိတက်ကြစမြဲပါပဲ။ တစ်နေ့တာလုံး လုပ်ငန်းခွင်ထဲမှာ မောပန်းနေခဲ့ပေမယ့် အိမ်ပြန်ရောက်လို့ အိပ်ယာပေါ်ကျောခင်းပြီး ရုပ်ရှင်ကြည့်ရတာကလည်း အပန်းဖြေမှုတစ်ခု ဖြစ်နိုင်သလိုမျိုးပေါ့။
ပရီယာတို့လို ငွေကြေးပြည့်စုံပြီး တော်ဝင်သွေးတွေ စီးဆင်းနေတဲ့ လူတစ်ယောက်အတွက်ကတော့ စိတ်အပန်းဖြေမှုဟာ သိပ်ကိုရှားပါးလွန်းလှပါတယ်။
ကကွက်တွေဖန်တီးပြီး စိတ်လွတ် ကိုယ်လွတ် ကခုန်ရတာကို သဘောခွေ့သူမို့ အပျော်သဘောအနေနဲ့ YouTube channel လေး တစ်ခုဖွင့်ခဲ့ဖြစ်ပြီး ၁၅ ယောက်ပါဝင်တဲ့ အကအဖွဲ့လေးတစ်ခုကို ပရီယာ ဦးစီးမိခဲ့တယ်။ ထင်မထားစွာနဲ့ လူကြိုက်များလာတာကလည်း ကံကောင်းမှုတစ်ခုပေါ့။ သို့ပေမယ့် နာမည်အရင်းကိုတော့ ထုတ်မသုံးစေဘဲ Lisa ဆိုတဲ့ နာမည်ဖြင့်သာ။
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းဘဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...