ပထမဆုံး တက္ကသိုလ်စတက်ရသည့်နေ့သည် အစစ အရာရာ အဆင်ပြေခဲ့ပြီး Jennie တို့ လေးယောက်လုံးကလည်း သွားအတူ စားအတူ သူငယ်ချင်းတွေ ဖြစ်လာခဲ့ရတော့သည်။
"ဒီနှစ်ကတော့ Jennie က Queen ပဲ ထင်တယ်။ ယောကျ်ားတွေရဲ့ မျက်လုံးက နင့်အနားမှာကြီးပဲ"
"မဟုတ်တာ ..."
ဒူးလောက်ရှိသည့် အနက်ရောင် ကိုယ်ကြပ်ဂါဝန်နှင့် ဂျဲန်းနီသည် ဆေးကျောင်း၌ တစ်ဦးတည်းသော အာရှသူလေးဖြစ်တာကြောင့် အားလုံးထဲတွင် ထင်ပေါ်နေတော့သည်။ ဆွဲဆောင်မှုရှိလွန်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် sexy ကျကျ မျက်နှာပေါက်လေးကိုလဲ ပိုင်ဆိုင်ထားတာကြောင့် ပထမဆုံး နေ့လေးမှာတင် လူတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ခံနေရပြီဖြစ်သည်။
"Hey Hey ဟိုးမှာ Jennie ရဲ့ sweet heart မလား"
"omfg ! ချောချက်ပဲ"
"Jennie ကြွေတာလည်း မပြောနဲ့လေ။ ရူပါနဲ့ အရပ်ကိုလည်း show ဦး။ ဒူးပြေးထောက်ချင်စရာကြီး"
"Jennie ငါတို့နဲ့ မိတ်ဆက်ပေး"
အစ်မသည် ကျောင်းအရှေ့နားတွင် ကားအနက်ရောင်ဘေး၌ ရပ်စောင့်နေတာကြောင့် Jennie မှာ ပြုံးခနဲ။ ကျောလယ်လောက်ရှိသည့် ဆံပင်အနက်တွေနဲ့ ရှပ်အင်္ကျီအဖြူ ဘောင်းဘီအဖြူဖြင့် နေကာမျက်မှန်ကိုပါ တပ်ထားတာကြောင့် သန့်ပြန့်နေတော့သည်။ ကိုယ့်ရည်းစားကို ထပ်ကြွေမိရတဲ့ အခိုက်အတန့်တွေပါပဲ။
"နောက်တခါကျမှ မိတ်ဆက်ပေးမယ်။ ဒါဆို နားချိန် နာရီဝက်ပြည့်မှ စာကြည့်တိုက်မှာ ပြန်တွေ့ကြမယ်နော်"
Jennie ခပ်မြန်မြန်နှုတ်ဆက်ပြီး အစ်မဆီသို့ ပြေးသွားခဲ့မိတော့သည်။ အော်ဟစ်ပြီးကျန်ခဲ့တဲ့ ဟိုသုံးယောက်ကတော့ ခဏနေရင် Jennie ကို ပေါက်ကရတွေမေးတော့မှာ အသေအချာပင်။
"အစ်မကို လွမ်းနေတာ"
အစ်မရဲ့ရင်ခွင်ထဲ ပြေးဝင်မိသည့်အခါ Jennie ကို ခပ်တင်းတင်း သိုင်းဖက်လာပြီး ဂုတ်သားတွေကို နမ်းရှိုက်လာတော့သည်။
"အစ်မရဲ့Jane လေးက သူငယ်ချင်းတွေတောင် ရနေပြီပေါ့"
"အဲဒီသုံးယောက်နဲ့က အဆောင်မှာလည်း တခန်းထဲပဲလေ"
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းပဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...