Chapter Sixteen

1.8K 176 6
                                    

ကျောင်းစာက တဖက်၊ English စကားပြော သင်တန်းက တဖက်နဲ့ အခုနောက်ပိုင်း Jennie မှာ အချိန်ပိုရယ်လို့ သိပ်မရှိတော့ပေ။ ရည်မှန်းချက်ကြီးမားလာပြီ ဖြစ်တာမို့ အထက်တန်းပြီးတာနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အခြေခံလိုအပ်ချက်တွေကအစ ဖြည့်စွတ်နေရတော့သည်။

"Daddy သမီးလေးက ဒီနှစ်ထဲ အရမ်းလိမ္မာလာတော့ လိုချင်တာဘာရှိလဲ။ Daddy ရအောင် လုပ်ပေးမယ်"

"သင်တန်းသွားဖို့ စက်ဘီးတစ်စီးလောက် ဝယ်ပေးပါလား Daddy. နီးတော့ နီးပေမယ့် လမ်းလျှောက်ရတဲ့ အချိန်၁၅ မိနစ်ကို အလကားသက်သက် အကုန်မခံချင်တော့လို့"

ထမင်းစားဝိုင်းသည် အတန့်ကြာ တိတ်ဆိတ်သွားရတော့၏။

"ငါ့သမီး ဆေးများမှားသောက်ထားတာလား။ အရမ်းတွေ ရင့်ကျက်လာလိုက်တာ။ အဲ့တာမှ အဖေတူသမီးကွ့"

"အကိုပြောတော့ ညီမသမီးဆို။ ညီမနဲ့တူလို့ ဆိုးတာဆို"

"ထမင်းစားပြီးပါပြီ။ ဒါဆို သမီး စာကျက်လိုက်ဦ်းမယ်။ Mommy သမီးကို နွားနို့တစ်ခွက်လောက်နော်"

"အေးအေး Mommy လာပို့ပေးမယ်"

အရမ်းတွေ တည်ငြိမ်ရင့်ကျက်လာတယ်ဆိုတာကလည်း အစ်မကြောင့်ပါပဲ။ အသက် ၉ နှစ်တောင် ကွာတာဆိုပေမယ့်လည်း Jennie အချိန်တိုင်းတော့ ဆိုးနွဲ့နေလို့မှ မရတာ။ အခုဆို အစ်မကလည်း Paris မှာပဲ အနေများလာပြီး တစ်လ တစ်ခါလောက်သာ Jennie ဆီ လာတွေ့နိုင်တော့သည်။ အစ်မ အလုပ်တွေ ကြိုးစားနေသလိုပဲ Jennie လည်းပဲ စာကြိုးစားနေကြောင်းတွေကို အစ်မ သိလောက်ရောပေါ့။

"ဘာလုပ်နေလဲ Jane"

"နို့သောက်ရင်းနဲ့ စာကျက်နေတာ။ အစ်မရော"

"အစ်မလည်း နို့သောက်ချင်လိုက်တာ။ ဒီတစ်ခါ ပြန်လာရင် တိုက်နော်"

"အဟွတ် အဟွတ် ...."

တခါတလေ အတည်ပေါက်နဲ့ ပြောချလာတက်တဲ့ အစ်မရဲ့စကားတွေက Jennie ကို အချိန်တိုင်း အရှက်သည်းရစေသည်။

Every summer afterWhere stories live. Discover now