Chapter Three

1.6K 162 5
                                    

တစ်ရက်ပြီး တစ်ရက်၊တစ်လပြီး တစ်လ ကုန်လွန်လာသည့်အခါ Jennie ရဲ့ တစ်နေ့တာတွေမှာ အစ်မဆိုတဲ့ နာမ်စားလေး ပါဝင်လာခဲ့ပြီး တိတ်တခိုးရင်ခုန်ရသည့် ခံစားချက်လေးကိုလည်း Jennie နှစ်ခြိုက်တက်နေခဲ့ပြီ။

တစ်ပတ်မှာ တစ်ရက်လောက်တော့ အစ်မက အိမ်အထိ လာကြိုပေးတက်ပြီး အပြင်မှာ မနက်စာအတူတူ စားပြီးမှသာ ကျောင်းကိုလိုက်ပို့ပေးတက်သည်။ ကျောင်းဆင်းချိန်ကျရင်လည်း အိမ်အထိ ပြန်လိုက်ပို့ပေးတက်ပြန်သည်။

ကျောင်းပိတ်ရက်တွေမှာ အစ်မက အပြင်အလည်ခေါ်သည့်အခါတိုင်းလည်း စကပ်တိုနန့်နန့်တွေကိုသာ ဝတ်လေ့ရှိတဲ့ Jennie ကို သက်ပြင်းတွေချပြီး ကြည့်လေလေ Jennie က သဘောကျလေလေ။

ကိုယ့်စိတ်နဲ့နှိုင်း၍ အစ်မက သဝန်တိုနေတာပဲဆိုပြီး တဖက်သတ်ဆန်ဆန်တွေးတောမိသည့်အခါ အိပ်ယာပေါ်လူးလိမ့်ရသည်အထိ ကြည်နူးမှုတွေက တရိပ်ရိပ်။

ခြေချော်ချင်ယောင်ဆောင်ပြီး အစ်မရဲ့ရင်ခွင်ထဲ ခိုးခိုးဝင်မိတိုင်းလည်း ရင်ခုန်သံတွေကအစ အချိန်တိုင်း သူမှသူပဲ ဖြစ်နေခဲ့တာ။ နွေဦးနဲ့တူတဲ့ ရေမွှေးနံ့လေးနဲ့ အစ်မရဲ့ ရင်ခွင်ဟာ Jennie အတွက်တော့ အလှပဆုံး ခိုလှုံရာလေးတခုပါပဲ။

အစ်မနဲ့တွေ့ပြီးလို့ အိမ်ပြန်ရောက်သည့်အခါတိုင်းလည်း အဝတ်အစားတွေမှာ စွဲကပ်နေတဲ့ အစ်မရဲ့ ရေမွှေးနံ့တွေဟာ Jennie ကို အိမ်မက်တွေကအစ လှပစေခဲ့ပြန်တယ်။

အတူတူ ကုန်ဆုံးခွင့်ရတဲ့ ညနေတွေနဲ့ အိမ်အပြန်လမ်းမှာ ကပ်ပါလာရတဲ့ ရေမွှေးနံ့တွေ။ အသားချင်း မတော်တဆ ထိမိရုံနဲ့တင် ရင်ထဲ လှိုက်ခနဲ ဖြစ်ဖြစ်သွားရတဲ့ တိတ်တခိုး ရင်ခုန်သံတွေ။ အချစ်ဦးမို့ထင်ပါရဲ့။ အတူတူရှိရတဲ့ အခိုက်အတန့်တွေကအစ အရာရာတိုင်းမှာ လှပနေလိုက်တာ။

တစ်ခါတစ်လေ တစ်လလောက် ပျောက်ပျောက်သွားတက်တဲ့ အစ်မက အလုပ်ကိစ္စအရေးကြီးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့။  ပြန်လာတဲ့အခါတိုင်းလည်း Jennie အတွက် လက်ဆောင် တစ်ခုမဟုတ်တစ်ခုကတော့ ပါပါလာတက်ပြီး လူကိုချော့မြူပြန်တယ်။ သိပ်ကိုဆိုးလွန်းတဲ့ အစ်မက သူ့ကိုတစ်ရက်လေးမှ မတွေ့ရရင် မဖြစ်တော့တဲ့ Jennie ရဲ့စိတ်ကို အခုချိန်ထိ မသိသေးပုံပါပဲ။

Every summer afterWhere stories live. Discover now