Chapter Fourteen

1.9K 173 8
                                    

အထက်တန်း နောက်ဆုံးနှစ် ဖြစ်တာကြောင့် Jennie အပြင်တွေ သိပ်မထွက်တော့ဘဲ အိမ်ထဲမှာသာ စာကျက်ရင်းနဲ့ အချိန်တွေ ကုန်ဆုံးဖြစ်လာတာများသည်။ အစ်မလည်းဘဲ Paris နဲ့ Korea ကို ကူးချည် သန်းချည်လုပ်ပြီး Jennie ကိုတော့ လာလာတွေ့ရှာတယ်။ အခုနောက်ပိုင်းဆို ၃ ရက်တခါလောက်သာ ဖုန်းပြောရပြီး အလွမ်းသည်ရ၏။ Jennie ကို အနှောက်အယှက်ပေးမိမှာစိုးလို့ထင်ပါရဲ့။

နောက် ၂ ရက်နေရင် အစ်မရဲ့ မွေးနေ့ ရောက်တော့မှာဆိုတော့ အဲ့ရက်မတိုင်ခင် သေချာပေါက် ပြန်လာမယ်ဆိုတာ သိနေ၍ ဒီရက်တွေထဲ စိတ်တွေပျော်နေရသည်။

"ပရီယာတောင် ဖျားနေတယ်တဲ့။ သမီးလည်း ဒီရက်ထဲ ဂရုစိုက်ဦး။ စာလုပ်တာလည်း လုပ်။ Daddy ဝယ်လာပေးတဲ့ အားဆေးတွေလည်း အချိန်မှန်မှန်သောက်ဦး"

"အခုရော ဘယ်လိုနေသေးလဲဟင်။ အစ်မ သက်သာရဲ့လား။ ဆေးရုံရော မသွားဘူးလား"

ထမင်းစားရင်းနဲ့ Daddy ဆီက ထွက်လာတဲ့ စကားကြောင့် Jennie မှာ မျက်ရည်တွေ ဝဲလာရတော့သည်။ အစ်မက လူကို ဘာမှလည်း မပြောဘူး။ အရမ်း ပေတာပဲ။

"ဆေးသွင်းထားတယ်တော့ ပြောတယ်။ ပရီယာက အလုပ်တအား ကြိုးစားတာ။ နေ့မနား ညမနား ရုံးခန်းထဲမှာပဲတဲ့။ Daddy တောင် သူ့အဖေနဲ့ ဂေါ့ရိုက်ရင်း ဆုံလို့ သိရတာ"

"သမီး အပေါ်တက်တော့မယ်"

"ထမင်းကို သေချာမစားဘူး ဒီကောင်မလေးကတော့"

"လွှတ်ထားလိုက်ပါ အကိုရယ်။ သူ့အစ်မ နေမကောင်းဘူးကြားတော့ ဝမ်းနည်းသွားလို့ထင်ပါတယ်။ ခဏနေမှ အခန်းထဲ နွားနို့ပို့ပေးလိုက်မယ်"

Jennie အိပ်ယာပေါ်မှာ ငူငူငိုင်ငိုင်ကြီးနဲ့ ထိုင်နေမိတော့သည်။ အစ်မဆီ ဖုန်းဆက်ရင် ကောင်းမလားလို့ စဉ်းစားနေတာနဲ့တင် အတော်ကြာခဲ့ပြီ။ မနေနိုင်တော့တဲ့အဆုံး အသဲအဝါလေးနဲ့ အစ်မဆိုတဲ့ contact ကို နှိပ်လိုက်မိတော့သည်။

သို့ပေမယ့် ... ဆက်သွယ်မှု ဧရိယာ ပြင်ပတဲ့။
အစ်မက ဆိုးလိုက်တာ။ လူကိုစိတ်ပူအောင်လုပ်တယ်။

"သမီးရေ Mommy ပါ"

"ဟုတ် ဝင်ခဲ့လေ"

Mommy သည် စားပွဲခုံပေါ် နွားနို့ခွက်လေးတင်ပြီး Jennie ဘေးနား ဝင်ထိုင်လာတော့သည်။

Every summer afterWhere stories live. Discover now