ညတုန်းက အိမ်မက်ကြောင့် မိုးလင်းလာသည်အထိ Jennie မှာ အပြုံးတွေက မရပ်တန့်။ မျက်လုံးတွေ ဖွင့်လိုက်သည့်အခါ ဘေးနားမှာ အစ်မ ရှိမနေ။ အလျှင်အမြန် အိပ်ယာပေါ်ကဆင်းပြီး အောက်ထပ်ကို ဆင်းခဲ့လိုက်တော့မှ မီးဖိုချောင်ထဲ မနက်စာ ပြင်နေသည့် အစ်မကို လှပစွာနဲ့ တွေ့ရှိရတော့သည်။ဆံပင်အရှည်တွေကို ရွေရောင် ကလစ်နဲ့ အပေါ်ဘက်မှာ ညှပ်တင်ထားတာကြောင့် ဖြူဖွေးပြီး ကျော့ရှင်းနေသည့် ဂုတ်သားနုနုလေးဟာ မထိရက်စရာပင်။ ဆံပင်အရောင်တွေနဲ့တော့ မမြင်ခဲ့ဖူးပေမယ့် Jennie ယုံသည်။ အခုလို အနက်ရောင် ဆံနွယ်ရှည်တွေဟာ အစ်မနဲ့မို့ မဟာဆန်စွာနဲ့ လှပနေတယ်ဆိုတာကိုလေ။
"အစ်မ"
ထိုသို့ခေါ်ရင်း အနားသို့သွားလိုက်မိပြီး ရဲတင်းလွန်းစွာဖြင့် အနောက်ကနေ ခါးကို ဖက်ထားလိုက်မိသည်။ အစ်မသည် Jennie ထက် အရပ်ပိုရှည်တာကြောင့် သူ့ကျောပြင်နားမှာသာ မျက်နှာအပ်မိလျက်သား။
"နိုးပြီလား ကလေး။ အိပ်လို့ကောင်းရဲ့လား။ အစ်မအခု မနက်စာ ပြင်ပေးနေတာ။ စားပြီးရင် အိမ်ပြန်ရအောင်နော်။ ကျူရှင်တက်ရဦးမယ်မလား"
"အိပ်လို့လည်း ကောင်းတယ်။ အစ်မပြင်ပေးတဲ့ မနက်စာကိုလည်း စားမှာ။ ဒါပေမယ့် အိမ်တော့ မပြန်ချင်ဘူး"
"ဟော်တော် ဘယ်လိုဖြစ်ရတာလဲ"
ထိုစကားသံနဲ့အတူ Jennie ဘက် လှည့်လာတဲ့ အစ်မရဲ့မျက်နှာချောချောကြောင့် အိမ်မက်ထဲကလို နမ်းရှိုက်ပစ်ချင်သည့် စိတ်တွေက တလှိုက်လှိုက်ရယ်။
"အိမ် မပြန်လို့မရဘူးလား။ အစ်မဆီကနေပဲ ကျူရှင်တက်မယ်လေ"
"အဲ့လိုလုပ်လို့ မရဘူးလေ ကလေးရယ်။ ကလေးရဲ့Daddy ညကပြောတာ မကြားဘူးလား။ အသက်က အရမ်းငယ်သေးတော့ အခုအရွယ်က မိဘရင်ခွင်ထဲပဲ နေရမှာလေ"
"၁၈ နှစ်ပြည့်သွားပါပြီ။ ကလေးမဟုတ်တော့ဘူး။ သူများတွေဆို ဒီအရွယ်မှာ အိမ်ထောင်ပြုပြီး ကလေးတွေတောင် မွေးနေကြပြီ"
"Jennie Kim အဲ့တာ ဘာစကားပြောလိုက်တာလဲ !!"
ပထမဦးဆုံး အစ်မဆီကနေ အအော်ခံလိုက်ရတာမို့ Jennie ခန္ဓာကိုယ်လေး တုန်သွားရုံတင်မကဘဲ မျက်ရည်တွေပါ ကျဆင်းလာရတော့သည်။ Daddy ဆီကနေ အအော်ခံရရင်တောင် မငိုတက်တဲ့လူကလေ။
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းပဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...