အစ်မနဲ့မတွေ့ရတဲ့ လတွေ ရက်တွေများစွာမှာ စာကိုသာ ဖိဖိစီးစီး ကြိုးစားနေမိပြီး သိပ်လွမ်းလာတဲ့ အခါမျိုးတွေဆို Jennie မှာ ကိုယ့်စကားနဲ့ကိုယ်မို့ အလွမ်းတွေက ပိနေလေပြီ။ နောက်ထပ် မိနစ်ပိုင်းလောက်ဆို တွေ့ရတော့မှာဆိုပေမယ့် Jennie မှာ လက်ဖျားတွေ အေးစက်ရသည်အထိ ရင်တွေခုန်နေရတော့သည်။
"အပျိုစင်ဘဝရဲ့နောက်ဆုံးနေ့လေးကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ကြီး ကျော်ဖြတ်ခဲ့ကြနော်"
Sofia စကားကြောင့် ပါးပြင်မှာ ပူနွေးသွားရတော့သည်။ အစ်မ လာခေါ်မှာကို သူတို့လည်း သိနေတော့ ကျောင်းရှေ့မှာ အတူတူ စောင့်ပေးကြပြန်တယ်။ တကယ်ကို အားကိုးရတဲ့ သူငယ်ချင်းတွေပါပဲ။
"ငါတို့ကို အတွေ့အကြုံလေး မျှဝေဖို့လည်း မမေ့နဲ့"
"နင်တို့သာ ဘဲတွေနဲ့ ကောင်းကောင်းပျော်ခဲ့ကြပါ"
"ဟိုမှာ လာပါပြီ။ ငါတို့ Queen ရဲ့ sweet heart ကြီး"
အစ်မသည် မိန်းကလေးဆန်ဆန် ဝတ်စားလာသည့်အပြင် ဇာအပေါက်လေးတွေပါသည့် လက်တလုံးကြိုး ကိုယ်ကြပ်ဂါဝန် အဖြူလေးဖြင့်သာ။ ဆံပင်ရှည်တွေကိုလည်း ပုခုံး တဖက်ထဲမှာသာ ချထားပြီး မဟာဆန်ဆန် လှနေပြန်သည်။ အစ်မဆီ သွားဖို့ပြင်လိုက်ပေမယ့် အစ်မသည် Jennie တို့ လေးယောက်နားကို လျှောက်လာနေတာကြောင့် ရင်ခုန်လွန်းစွာဖြင့် နေရာမှာ မတ်တပ်ရပ်လျက်သား။
"တွေ့ရတာ ဝမ်းသာပါတယ်။ Jennie ရဲ့ချစ်သူ Pranpriya ပါ"
"တွေ့ရတာ ဝမ်းသာပါတယ်"
ဟိုသုံးကောင်နဲ့ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ပြီး Jennie ရှေ့ရောက်တော့ လက်ဖဝါးဖြန့်ပြလာတာကြောင့် လက်လေး ထည့်ပေးလိုက်သည့်အခါ လက်ဖမိုးပေါ် အနမ်းခြွေယူနေပြန်သည်။ ထိုအခါ ဘေးက သုံးကောင်ကတော့ အော်ဟစ်နေတော့တာပါပဲ။
"Jane အကြောင်း တိုင်ချင်တာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်က Jane ကို အနိုင်ကျင့်တာပဲ ဖြစ်ဖြစ် ပရီယာ့ဆီ ဖုန်းဆက်ပြောပေးပါဦး"ဆိုပြီး အစ်မက သူ့ရဲ့ ကဒ်တွေကို ထုတ်ပေးလာတော့သည်။
"omg !!"
"Jennie နင့်လူက CELINE ရဲ့ Chairman လား"
တအံတဩဖြစ်နေကြတဲ့ ဟိုသုံးယောက်မှာ အစ်မပေးတဲ့ ကဒ်ကို ကြည့်ပြီး ပြူးပြူးပြာပြာ။ Jennie ကိုယ်တိုင်လည်း အစ်မက ဘာလုပ်လဲဆိုတာကို ခုထိ မသိရသေး။ လုပ်ငန်းကြီး တခုဆိုတာပဲ သိထားခဲ့ပေမယ့် အဲ့လောက်ထိတော့ မတွေးခဲ့ဖူးပေ။
![](https://img.wattpad.com/cover/266631630-288-k162381.jpg)
YOU ARE READING
Every summer after
Fanfictionနွေဦးသည် လှပခြင်းကို အသွင်ဆောင်ပြီး အစ်မသည်လည်းပဲ အေးချမ်းခြင်းရဲ့ ပြယုဒ်တခုပမာပင်။ အစ်မကို ချစ်ရခြင်းသည် စိတ်ကစားခြင်းလည်းမဟုတ်။ ရင်ခုန်ခြင်းလည်း မမည်တဲ့ တည်ငြိမ်မှုမျိုးပင်ဖြစ်သည်။ ထိုချစ်ခြင်းတွင် လေးနက်မှုတွေ များစွာပါဝင်သည်။ သို့သော် ထိုချစ်ခြင...