Chapter Eleven

1.7K 173 10
                                    

"ကလေး ..."

အိပ်ပျော်နေရှာတဲ့ မျက်နှာလေးကအစ ပရီယာ့ကို ချစ်မဝဖြစ်စေခဲ့သူ။ ဖောင်းတစ်နေတဲ့ ပါးလေးတွေနဲ့ မျက်ခွံပေါ်က မှဲ့နက်လေးကအစ ဖူးငုံ့နေတဲ့ နီတာရဲ နှုတ်ခမ်းလေးကအဆုံးပေါ့။ တစိမ့်စိမ့်ကြည့်ရင်းနဲ့ကို ပရီယာ့မှာ ချစ်မဝ ရှူမဝပါပဲ။

ညတုန်းကလိုမျိုး နှုတ်ခမ်းလေးကို တိတ်တဆိတ် သိမ်းပိုက်ချင်လာတာမို့ မျက်နှာနား တိုးကပ်သွားချိန်မှာပဲ မျက်လုံးတွေ ပွင့်လာတဲ့ ကလေးကြောင့် တကယ်ကို ထိတ်လန့်သွားရတော့တယ်။ သို့ပေမယ့် အလိုက်သိလွန်းတဲ့ ကလေးက မျက်စိကို စုံမှိတ်ချပြီး ပရီယာ့အနမ်းကို စောင့်ဆိုင်းနေလေရဲ့။

နဖူးလေးကိုသာ အနမ်းခြွေယူဖြစ်ခဲ့ပြီး ပါးလေးကို ကိုင်ထားမိချိန်မှာပဲ မျက်လုံးတွေ ပွင့်လာတာကြောင့် ပြုံးပြလိုက်မိတော့တယ်။

"morning ပါ အစ်မရဲ့ဝက်ဝံလေး"

ပရီယာရဲ့ လည်တိုင်ကို ဖက်တွယ်လာတဲ့ လက်ကလေးတွေ။ ပရီယာ့အပေါ် စတွေ့တုန်းကလိုမျိုး မဟုတ်တော့ဘဲ တရင်းတနှီးရှိလာတဲ့ ကလေးရဲ့ အပြုအမူတွေကြောင့် ကြည်နူးမှုကလည်း တရိပ်ရိပ်ပါပဲ။

"morning ပါ အစ်မ"

"အိပ်ယာနိုးကာစ အချိန်မှာတောင် ကလေးက ချစ်ဖို့ကောင်းနေဆဲပဲနော်"

"အချိန်တိုင်း အဲ့လိုပြောနေပြီးတော့များ"

"တကယ်လည်း ချစ်ဖို့ကောင်းတာပဲလေ။ စိတ်ဆိုး စိတ်ကောက်နေတဲ့ အချိန်တွေ၊ တခုခုကို အလိုမကျဖြစ်နေတာတွေ၊ ပြီးတော့ အစ်မအပေါ် ချွဲနွဲ့ပြီး အနိုင်ယူတက်တဲ့ အချိန်တွေ။ ပြောပြရင်တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး။ ကလေးက အချိန်တိုင်းမှာ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့"

"ကြည့်ပါလား။ အခုလို ရှက်သွားတဲ့ မျက်နှာလေးကအစ ချစ်ဖို့ကောင်းနေပြန်ရော"

"အစ်မနော်။ မနေတက်တော့ဘူး မစနဲ့"

"အစ်မ အတည်ပြောနေတာ"

လေးနက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လာတဲ့ အစ်မကြောင့် Jennie မှာ ဖျားချင်လာသလိုလို။

Every summer afterWhere stories live. Discover now