Chapter Five

1.5K 159 3
                                    


ပထမနှစ်ဝက် စာမေးပွဲတွေဖြေဆိုပြီး ကျောင်းတွေပိတ်ထားတဲ့ ဇူလိုင်လလယ် ဖြစ်တာမို့ မိုးတွေဟာ ဖိတ်မခေါ်ဘဲ ဝင်လာတက်တဲ့ အစ်မရဲ့အကြောင်းတွေလိုပင်။

အခုလို မိုးအေးအေးလေးမှာ ကော်ဖီနွေးနွေးလေးတခွက်နဲ့ အစ်မရဲ့အကြောင်းတွေကို ခပ်ရေးရေးတွေးနေမိတာလောက် ကြည်နူးစရာကောင်းတာမျိုး ရှိနိုင်ပါဦးမလား။ ရင်တုန်ရတာခြင်း တူပေမယ့် အစ်မကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီရင်ခုန်သံတွေကတော့ အမြဲတမ်းနဲ့ အချိန်တိုင်းအတွက် မက်မက်မောမောပါပဲ။

အစ်မမရှိတဲ့ နေ့ရက်တွေမှာ မိုးတွေဟာလည်းဘဲ အချိန်တိုင်းလိုလို ရွာသွန်းနေတက်ပြီး လူကိုအလွမ်းတွေတိုးအောင် ဖန်တီးပေးနေပြန်တယ်။

တနေ့တနေ့ စာကြည့်စားပွဲကနေ မထဖြစ်တော့တဲ့ Jennie မှာ ဒုတိယနှစ်ဝက်အတွက် စာတွေကြည့်နေရပေမယ့် စာတွေက ပိုင်နေခဲ့ပါပြီ။ သို့ပေမယ့်လည်း စာကြည့်စားပွဲမှာပဲ ရှိစေချင်တဲ့ Daddy ရဲ့ဆန္ဒကိုလည်း မလွန်ဆန်နိုင်။ ထိုအခါ ဒိုင်ယာရီစာအုပ်အဝါလေးထဲမှာ အစ်မအကြောင်းတွေကြီး ချရေးနေမိတော့တယ်။ 

ခဏအကြာမှာတော့ Daddy ရဲ့ ကား​လေး ထွက်သွားတာကို မြင်လိုက်ရ၍ မွေ့ယာပေါ်မှာ ခုန်ပေါက်နေမိတာ အချိန်အတော်ကြာပဲ။ ဒီတစ်ခါခရီးက တစ်ပတ်လောက်ကြာမယ်လို့ ညတုန်းက ပြောထားတာဆိုတော့ Jennie မှာ ပျော်လို့မဆုံး။

"အစ်မ ဘာလုပ်နေလဲ"လို့ message ပို့လိုက်ပေမယ့် တော်တော်နဲ့ စာမပြန်။ Korea မှာရော ရှိသေးရဲ့လား။ ခရီးသွားရမယ်ဆိုတိုင်းလည်း Jennie ကို ပြောပြီးမှသာ သွားနေကြပါ။ ၁နာရီလောက် ကြာလာသည်အထိ စာမပြန်တာကြောင့် Jennie ဆူအောင့်စ ပြုလာရပြီ။

"အစ်မရဲ့ဘဝထဲမှာ မိုးပြေးလေးလို ဖြစ်တည်မှုမျိုးတော့ တကယ်မဖြစ်ချင်ဘူး"

ပြတင်းပေါက် တံခါးကိုဖွင့်ပြီး မိုးရေစက်တွေကို လက်နဲ့ ခံယူထားမိသည်။ လက်ထဲ ပြည့်လျှံသွားတဲ့ မိုးရေတွေကို လက်လေးစောင်းကာ သွန်ချနေချိန်မှာပဲ မြင်ကွင်းထဲ ဝင်လာတဲ့ ပုံရိပ်တခုကြောင့် မျက်လုံးတွေ ဝိုင်းစက်သွားရတော့သည်။

Every summer afterWhere stories live. Discover now