Chapter Two

1.8K 177 4
                                    


ဒီလိုနဲ့ အစ်မကို မတွေ့ရဘဲ ဖြတ်သန်းလာလိုက်တာ နောက်ထပ် တစ်လတောင် ပြည့်လာခဲ့ပြန်ပြီ။ အတိအကျဆိုရင် Jennie ဘဝထဲ အစ်မ ဝင်လာတာ သုံးလ ပြည့်ခဲ့ပြီ။ အလုပ်များတဲ့ အစ်မကို နှောက်ယှက်မိမှာစိုးလို့ အခုချိန်ထိလည်း ဖုန်းတစ်ခါတောင်မှ မဆက်မိသေး။

မတရားတွေ လွမ်းလာတဲ့အခါ အစ်မရဲ့ dance choreography တွေကို ထပ်တလဲလဲပြန်ကြည့်ပြီး ရင်တွေခုန်နေရသူ။ ဒါတွေကို အစ်မ မသိပါဘူး။ လူကို ကလေးလေးလို့ပဲ မြင်နေခဲ့တာလေ။

Jennie အကြိုက်ဆုံးကတော့ Tomboy လို့ အမည်ရတဲ့ သီချင်းကို နောက်ခံထားပြီး The Movie အနေနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုလေးသာဖြစ်တယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ ခေါက်ထပ်မနည်း ကြည့်မိရသည်အထိလေ။ အစ်မက သိပ်မိုက်တာပဲ။

"နင်လည်း အဲဒီအစ်မကို သဘောကျတယ်ပေါ့"

ရုတ်တရက် အနားကိုရောက်ချလာတဲ့ Chahee ကြောင့် Jennie ဖုန်းကို အမြန်သိမ်းလိုက်ရတော့သည်။ ထမင်းစားနားချိန်ဖြစ်တာမို့ အခန်းထဲမှာ Chahee ကလွဲပြီး ဘယ်သူမှတော့မရှိသေး။

"ငါလည်း သူ့ရဲ့ fan ပဲလေ။ အဲ့အစ်မက အပြင်မှာလည်း တအားမိုက်တာတဲ့။ အခုထိ ရည်းစားလည်းမထားဖူးဘူးလို့ ကြားတယ်"

နောက်ဆုံးစကားကြောင့် ရင်ခုန်မှုက တရိပ်ရိပ်။

"သူက ထိုင်းလူမျိုးဆို ဟုတ်လား"

အစ်မကိုယ်တိုင် ပြောပြခဲ့လို့ သိပြီးသားဆိုပေမယ့် Jennie တမင်မေးလိုက်မိသည်။ Dance Video တွေထဲမှာလည်း ထိုင်းအမျိုးသမီးတစ်ယောက်ရဲ့ အငွေ့အသက်တွေပါဝင်နေတာမို့ အစ်မဟာ သူ့လူမျိုးကိုတော့ အတော်လေး ချစ်ခင်ပုံပင်။

"ဟုတ်မယ်ထင်တယ်။ Lisa ဆိုတဲ့ နာမည်ပဲ လူတွေက သိကြတာ။ အဲဒီအစ်မက အနေလည်းအေးပြီး လှို့ဝှက်လွန်းတယ်လေ"

"သူ မိန်းကလေးချင်း စိတ်ဝင်စားလောက်လား"

ဒါဟာ အဓိကမေးချင်တဲ့ ဆိုလိုရင်းသာ ဖြစ်တယ်။ Chahee ရဲ့ အဖြေကို စောင့်ဆိုင်းရင်းနဲ့ လက်သည်းတွေကို ကုတ်ခြစ်နေမိတာလည်း ရင်ခုန်လွန်းစွာပါပဲ။

"ဟဲ့ ထိုင်းလူမျိုးဆိုမှတော့ နင်တွေးကြည့်လေ။ ယိုးဒယားသူတွေက ၁၀၀ မှာ ၉၉ ယောက်လောက်က မွေးရာပါ ဂေးနေတာကို"

Every summer afterWhere stories live. Discover now