Chapter Twenty

2K 174 6
                                    

မနက်လင်းသည့်အခါ ဆူညံ့သံတွေကြောင့် ပရီယာ နိုးလာရတော့သည်။

"Jane ..."

လည်ပတ်ရှာပေမယ့်လည်း အခန်းထဲမှာ ရှိမနေ။ အိမ်အောက်ထပ်ကနေ အော်ဟစ်နေတဲ့ Jane ရဲ့အသံတွေကို ပီပီသသ ကြားလိုက်ရတော့မှ ပရီယာ့မှာ အပြေးတပိုင်း ဆင်းခဲ့ရတော့သည်။

"အား ထွက်မလာနဲ့လေ"

"အထဲမှာပဲ နေပါဆို"

မီးဖိုချောင်ထဲ ဝင်ခဲ့လိုက်သည့်အခါမှာတော့ ဒယ်အိုးထဲ ဘာတွေ ကြော်နေမှန်း မသိရတဲ့ Jane လေးက ဒယ်အိုးဖုံးကြီး တကာကာနဲ့။ လူကောင်သေးကွေးလွန်းတဲ့ ထိုဝက်ဝံပေါက်လေးက ပရီယာ့ရဲ့ အဖြူရောင် ရှပ်အင်္ကျီတထည်ထဲကိုသာ ဝတ်ထားပြီး ပေါင်ရင်းနားထိ အတိုင်းသားပေါ်နေတဲ့ နို့နှစ်ရောင် အသားရည်ဟာ ပရီယာ့ကို ငေးခနဲ ဖြစ်သွားစေခဲ့တယ်။

"Jane ဘာလုပ်နေတာလဲ"

"အစ်မရေ ကယ်ပါဦး။ အစ်မ စားဖို့ ကြက်ဥကြော်နေတာကို ဒယ်အိုးထဲကဆီတွေက အထဲမှာမနေဘဲ အပြင်ဘက် ထွက်ထွက်လာတယ်"

ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပြောလာသူ။ ပရီယာ့မှာ ချစ်လွန်းလို့ ငုံ့တောင် ထားလိုက်ချင်တယ်။

"ဒီဆီတွေကတော့နော်။ သူများရဲ့ Jane လေး စကားကို နားမထောင်ဘဲ။ ပေး အစ်မ ဆုံးမလိုက်မယ်"

ဒယ်အိုးထဲ ကြည့်လိုက်တော့ ပရီယာ့မှာ မျက်လုံးတွေ ပြူးကုန်ရတော့သည်။

"ကြက်ဥကို အခွံတွေပါ ထည့်ကြော်လိုက်တာလား Jane"

"သူ့ဘာသာ အထဲရောက်သွားတာ။ ညီမက ဥကို ခွဲလိုက်ပေမယ့် သူ့ဘာသာ အိုးထဲခုန်ဆင်းသွားတာ"

"ဘုရားရေ"

ဒီလိုမနက်ခင်းတိုင်းသာဆို ပရီယာတော့ ခေါင်းမွှေးတွေ ပြောင်ရချည်ရဲ့။

"Jane ကိုရော ဆီပူတွေ စင်သွားသေးလား"

"ဟုတ် ဒီနားလေးကို"

လက်ကောက်ဝတ်နားလေးကို လက်ညိုးလေးနဲ့ ထောက်ပြလာပြီး နှုတ်ခမ်းလေးကလည်း ဆူထွက်နေတော့သည်။

"လာ အစ်မ ဆေးလူးပေးမယ်နော်"

ဆေးလူးပေးနေရင်းနဲ့လည်း မျက်နှာလေးက ငိုမဲ့မဲ့ရယ်။

Every summer afterWhere stories live. Discover now