Chapter 38: အနမ်း"ဖေဖေ... "ဝေ့ကျန့်ဝေ့အိမ်ပေါက်ဝသို့ရောက်သည်နှင့်ကလေးငယ်ဝေ့ယွမ်ဟန်ကလှမ်းခေါ်သည်။
စားပွဲပေါ်တွင် ဟင်းပွဲများကိုပြင်နေသော ဟဲ့ရှောင်ယွင်ကလည်းဝေ့ကျန့်ဝေ့ ကိုတွေ့သောအခါဆီးကြိုပြောလာသည်။"ပြန်လာပြီလား...လက်သွားဆေးတော့...ထမင်းစားရအောင် "
ထိုသို့ပြောပြီး သည် နှင့် ဟဲ့ရှောင်ယွင် တစ်ယောက်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။သူ(မ) ၏လေသံကဘာကြောင့် သက်တမ်းရင့်လင်မယားပုံစံပေါက်နေရတာလဲ ။ ဒီမနက်အလုပ်အဆင်ပြေရဲ့လားဟု ဝေ့ကျန့်ဝေ့အား သူမ မေးချင်သော်လည်းစကားကထွက်မလာပေ။
ဝေ့ကျန့်ဝေ့ ကသူမအားအရင်မေးလာသည်။"ဈေးကစည်ရဲ့လား "
"အင်း...တော်တော်လေးစည်တယ်...စီရင်စုနယ်မြေထဲကဈေးသေးသေးလေးထက်အများကြီးပိုစည်တာပေါ့ "
ကလေးငယ်ကသူတွေ့ခဲ့သမျှကိုဖောက်သည်ချပြီး ဝင်ပြောသည်။" ကားကြီးကြီးတွေ နဲ့....လူအများကြီးကိုလည်းသားသားတွေ့ခဲ့တယ် "
"ထိုင်တော့...စကားများမနေနဲ့...ထမင်းစားဦး "ဟဲ့ရှောင်ယွင် ကကလေးငယ်ကိုထိုင်ခုံပေါ်တွင် အတင်းပြန်ထိုင်ခိုင်းရင်းအစားအသောက်များပေကျံမနေစေရန် လည်ပင်းတစ်ဝိုက်တွင် သရေခံလည်စည်းလေးစည်းပေးလိုက်သည်။
ဝေ့ကျန့်ဝေ့ ကလည်းလက်ဆေးပြီး နောက်စားပွဲဝိုင်းတွင် ဝင်ထိုင်သည်။ " နောက်နှစ်နှစ်ရက်လောက်ကျရင် ကိုယ်အားပြီ...အတူတူလမ်းလျှောက်ထွက်ရအောင် "
"အွန်း....ရှင်အားတဲ့အချိန်မှပဲပြော...ကျွန်မတို့ကအချိန်မရွေးအားနေတာ "ဟဲ့ရှောင်ယွင် ကပြောလိုက်သည်။
ထို့နောက် ကလေးငယ်၏ပန်းကန်ထဲသို့အသားတစ်တုံးထည့်ပေးလိုက်ရာကလေးငယ်ကတရှုံ့ရှုံ့ နှင့် အနံ့ခံသည်။"မေမေချက်ထားတာတွေက...အရမ်းအရသာရှိတယ် "
"အရင်ဆုံးစားကြည့်ပြီး မှပြောပါ...စားလည်းမစားကြည့်ရသေးပဲနဲ့လာရွှီးနေတယ် "ကပ်ဖားကပ်ယားလုပ်နေသော့လေးငယ်ကြောင့် ဟဲ့ရှောင်ယွင် အံ့အားသင့်သွားသည်။
![](https://img.wattpad.com/cover/343980632-288-k522782.jpg)
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.