Chapter 37: အခြေတကျနေထိုင်ခြင်း

207 28 2
                                    

Chapter 37: အခြေတကျနေထိုင်ခြင်း

ခရီးပန်းလာသောကြောင့် ဟဲ့ရှောင်ယွင် တစ်ယောက်နှစ်နှစ်ခြိုက်အိပ်ပျော်သွားသည်။သူမနှိုးလာချိန်တွင် အပြင်ဘက်ပတ်ဝန်းကျင်ကလက်းထိန်နေပြီဖြစ်ပြီး နေအလင်းရောင်စူးစူးက‌ လျှောက်လမ်းအနီး ရှိ ပြတင်းပေါက်မှတစ်ဆင့်ဖြာကျနေသည်။

ဟဲ့ရှောင်ယွင်တစ်ယောက်ခြုံစောင်ကိုကိုင်ရင်းတစ်ခဏမျှကြောင်အမ်းအမ်းဖြစ်နေမိသည်။အတန်ကြာမှအသိပြန်ဝင်လာကာ သူမဘယ်ရောက်နေမှန်းသလိုက်ရသည်။

သူမဘေးတွင် ရှိနေသူကိုဟဲ့ရှောင်ယွင် ကြည့်လိုက်မိသဘ်။ကလေးငယ်ဝေ့ယွမ်ဟန်ကအိပ်မောကျနေဆဲဖြစ်ပြီး အိပ်ရာနှိုးပြီး နှင့်ပုံရသောဝေ့ကျန့်ဝေ့ ကအခန်းထဲတွင် မရှိတော့ပေ။

ထို့နောက် ကျွိခနဲမြည်လာသောတံခါး နှင့် အတူ ဝေ့ကျန့်ဝေ့ က အခန်းထဲသို့ဝင်လာသည်။ဝတ်စုံပြည့်ဝတ်ထားသူကလက်တစ်ဖက်ထဲတွင် ရေနွေးတစ်ခွက်ကိုင်ထားပြီး နောက်လက်တစ်ဖက်တွင်မူ နေ့လည်စာနှစ်ဘူးကိုင်ထားသည်။

အခုမှ‌အိပ်ချင်ပြေပြီး ကောင်းကောင်းနှိုးလာသည့်ဟဲ့ရှောင်ယွင် က အိပ်ရာထက်မှကုန်းရုန်းထကာကိုယ်လက်သန့်ရှင်းရေးလုက်ရန် ပြင်ဆင်သည်။"အရမ်းများနောက်ကျသွားပြီလား "

"နောက်မကျပါဘူး "ဝေ့ကျန့်ဝေ့ ကပြန်ဖြေသည်။

ဤမနက်စောစောစီးစီး ဝေ့ကျန့်ဝေ့တစ်ယောက်တပ်သားသစ်များ ၏ လေ့ကျင့်ရေအခြေအနေကို သိချင်သောကြောင့် စခန်းသို့ထသွားခြင်းဖြစ်သည်။ ထို့နောက် တပ်တွင်းရှိကန်တင်းသို့

သွားပြီး မနက်စာယူလာခဲ့သည်။

ဟဲ့ရှောင်ယွင် ကဝေ့ယွမ်ဟန်ကိုအိပ်ရာထဲမှအတင်းဆွဲခေါ်ထပြီး ကိုယ်လက်ဆေးကြောသန့်စင်ကာ အဝတ်အစားများလဲပေးသည်။၊ထိုစဉ်ဝေ့ကျန့်ဝေ့ ကကန်တင်းမှယူလာခဲ့သည့် အစားအသောက်များကိုပြင်ဆင်နေရာချနေသည်။

မျက်စိမပွင့်တစ်ပွင့်ဖြစ်‌နေသောကလေးငယ်ကဇဝေဇဝါ နှင့် သူမကိုမေးလာသည်။ "မေမေ...ညကသားအိပ်မက်မက်တယ်သိလား...သားနဲ့မေမေနဲ့ဖေဖေ့ကိုသွားရှာကြတယ်တဲ့ "

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now