Chapter 39: အနမ်းတစ်ပွင့်

8 1 0
                                    



Chapter 39: အနမ်းတစ်ပွင့်

ဟဲ့ရှောင်ယွင် တစ်ယောက် ဝေ့ကျန့်ဝေ့ ၏ ရဲဘော်ရဲဘက်များကို ညစာဖိတ်ကျွေးလိုသောကြောင့် နောက်နေ့ ညစာထမင်းဝိုင်းတွင် ကြိုပြောထားလိုက်သည်။

"ဒီနေရာမှာအခြေကျပြီး ...လုပ်စရာတွေလည်းလုပ်ပြီး သွားပြီဆိုတော့ ...ရှင့်ရဲ့ရဲ‌ဘော်ရဲဘက်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကျွန်မညစာဖိတ်ကျွေးချင်တယ်...တစ်ယောက်နဲ့တစ်ယောက်ပိုပြီး သိရတာပေါ့ ...ကြုံကြိုက်လို့တွေ့ခဲ့ရင်လည်း အချင်းချင်းနှုတ်ဆက်လို့ရတယ်လေ"

ဝေ့ကျန့်ဝေ့ တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ ရဲဘော်ရဲဘက်တွေချည်းသာဆိုလျှင် ချက်ချင်းခေါင်းညိမ့်လိုက်မည်ဖြစ်သည်။ သို့သော် ဟဲ့ရှောင်ယွင် ကသူ့ရဲဘော်ရဲဘက်များ၏ မိသားစုဝင်များကိုပါဖိတ်မည်ဟုပြောလာသည်။ သို့သော် အသေအချာပြန်စဉ်းစားကြည့်လျှင် မိသားစုတန်းလျားရှိအိမ်ထောင်ရှိ အမျိုးသမီးများ နှင့် ဟဲ့ရှောင်ယွင် သာ ရင်းရင်းနှီးနှီးရှိထား လျှင် အနာဂတ်တွင်အရေးအကြောင်းတစ်စုံတစ်ရာကြုံလာပါ ကအထောက်အကူဖြစ်နိုင်သည်။

ထို့ကြောင့် ဝေ့ကျန့်ဝေ့ လည်း ဟဲ့ရှောင်ယွင် ၏ဆန္ဒအတိုင်း သဘောတူပေးလိုက်သည်။ " အဲဒါဆိုရင်... သူတို့အားလုံးကို ကိုယ်တို့စားသောက်ဆိုင်တစ်ခုမှာဖိတ်ကျွေးကြမလား"

ထိုစကားအဆုံး ဟဲ့ရှောင်ယွင် ပြုံးလိုက်မိသည်။ " ရှင့်ရဲ့ရဲဘော်ရဲဘက်တွေပဲဆိုတော့... အိမ်မှာပဲ ဖိတ်ကျွေးလိုက်ရင် ပိုပြီး အဆင်ပြေမယ်နဲ့‌တူတယ်"

"မင်းတစ်ယောက်တည်းအလုပ်ရှုပ်နေတော့မှာပေါ့"ဝေ့ကျန့်ဝေ့ အနေ နှင့် သူမကိုချက်ရေးပြုတ်ရေးတွင် အလွန်အကျွံမလုပ်စေလိုပေ။

"ကျွန်မကိုအထင်မသေးပါနဲ့"ဟဲ့ရှောင်ယွင် က ခေါင်းမော့ရင်ကော့ကာပြောလိုက်သည်။ "တစ်မိသားစုလုံး...လယ်ထဲဆင်းပြီး စိုက်ခင်းကိစ္စတွေနဲ့အလုပ်ရှုပ်နေတုန်းက... လူခြောက်ယောက်ခုနစ်ယောက်လောက်စာကို ကျွန်မတစ်ယောက်တည်းချက်ခဲ့ရတာပါနော်... ပြီး တော့အခုချက်ပြုတ်တဲ့အခါမှာလည်းအစ်မရှု က လာကူပေးမှာ"

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now