Chapter 40: ဖိတ်ခေါ်ခြင်း

5 1 0
                                    



Chapter 40: ဖိတ်ခေါ်ခြင်း

နောက်တစ်နေ့တွင် ဟင်းသီးဟင်းရွက်များဝယ်ရန် ဟဲ့ရှောင်ယွင် နှင့်ရှုလန်ရှန်းတို့စျေးဘက်သို့အတူတူထွက်လာကြသည်။

အိမ်မှထွက််လာချိန်နောက်ကျသောကြောင့်ဘတ်စ်ကားခုံများကပြည့်သိပ်ညှပ်သပ်နေသဖြင့်ဝေ့ယွမ်ဟန် နှင့်ဝမ်သဲရုန် တို့ကမိခင်ဖြစ်သူများ၏ပေါင်ပေါ်တွင်ကိုယ်စီကိုယ်စီထိုင်နေကြသည်။

ဘတ်စ်ကားကြီးကမြို့လယ်ခေါင်မှမြို့စွန်မြို့ဖျားသို့တဖြေးဖြေးခရီးနှင်လာသည်။ သန့်ရှင်းသေသပ်ပြီး ခေတ်မီဖွံ့ဖြိုးသောကွန်ကရစ်လမ်းမကြီးများနေရာတွင်စိမ်းစိုနေသောလယ်စိုက်ခင်းကလေးများကနေရာယူလာသည်။ လမ်းတစ်လျှောက်လုံးတွင်ခေတ်မီတိုးတက်စပြုလာသည့်ဤနေရာနှင့်ပတ်သတ်ပြီး ရှုလန်ရှန်းကဟဲ့

ရှောင်ယွင်ကိုရှင်းပြသည်။

"အစ်ကိုဝမ်နဲ့အစ်မရှုတို့တပ်ထဲမှာအတူရှိနေတာဘယ်နှစ်နှစ်လောက်ကြာပြီလဲ"ဤနေရာနှင့်အတော်လေးရင်းနှီးနေရပုံရသောရှုလန်ရှန်းကြောင့် ဟဲ့ရှောင်ယွင် လည်းမနေနိုင်ပဲမေးလိုက်မိသည်။

"ဘာကိုအစ်ကိုဝမ်တုန်း...သူ့ကိုလောင်ဝမ်လို့ပဲခေါ်စမ်းပါ"ရှုလန်ရှန်း က ခပ်တုံ့တုံ့ပြုံးကာ

ခေါ်ဝေါ်သုံးနှုန်းပုံကိုပြင်ပေးလာသည်။

"သူလက်ထောက်တပ်ရင်းမှူးရာထူးရတော့...အစ်မကဒီမှာရောက်နေတာလေးငါးနှစ်လောက်ရှိပြီလေ...ရုန်ရုန်ကိုတော့ကိုယ်ဝန်လွယ်ထားတုန်းပေါ့...စစ်တပ်ထဲကိုထိပ်ဆုံးရောက်တဲ့မိသားစုအသုတ်ထဲပါတာ်လို့ပြောလို့ရတယ်"

"ဒါဆိုရင်...တော်တော်လေးကြာနေပြီပဲ" ဟဲ့ရှောင်ယွင်ကကောက်ချက်ချလိုက်သည်။

"ညီမရောအခြေအနေဘယ်လိုလဲ...အရင်တုန်းကဆိုရင်...တော်တော်များကသူတို့ကိုကျန့်ဝေ့နဲ့မိတ်ဆက်ပေးဖို့...အစ်မနဲ့လောင်ဝမ်ကိုခဏခဏလာတောင်းဆိုကြတယ်...ညီမလည်းသိတဲ့အတိုင်းပဲ ကျန့်ဝေ့က အသက်ငယ်ငယ်လေးနဲ့တက်လမ်းတွေအများကြီးရှိတဲ့သူ...လူတိုင်းကလည်းဒါကိုသိကြတယ်...သူဘယ်အချိန်အိမ်ထောင်ပြုလိုက်လဲဆိုတာတောင်အစ်မတို့မသိရဘူး...တပ်ချုပ်ကြီးကိုသာသူကိုယ်တိုင်အစီရင်မခံရင်...အခုချိန်ထိ...သူလက်ထပ်သွားပြီဆိုတာဘယ်သူမှသိသေးမှာမဟုတ်ဘူး...အဲဒီတုန်းကဆိုရင်အစ်မလေနေ့တိုင်းစဥ်းစားမိတယ်...ငါတို့ကျန့်ဝေ့လက်ထပ်ရလောက်တဲ့အထိဖြစ်သွားတဲ့မိန်းကလေးကဘယ်သူများလဲ...ရေခဲတုံး

You've reached the end of published parts.

⏰ Last updated: 4 hours ago ⏰

Add this story to your Library to get notified about new parts!

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now