"အမရာ စံအိမ်တော်"
ကြီးကျယ်ခန်းနားတဲ့ နှစ်ထပ်တိုက်ကြီးက အဝေးကကြည့်ယုံနဲ့တင် မြင်သူတိုင်း ငေးမောဖွယ် လှပစွာတည်ရှိနေသည်။
ထိုအထဲတွင်တော့ သောကအပြည့်မျက်နှာနဲ့ရှိနေရှာတဲ့ လူတစ်ဦး ၊ ထိုလူရဲ့ရှေ့မှာတော့ ပိုးကတ္တီပါသား ဝမ်းဆက်ကိုခန္ဓာကိုယ် အတိနဲ့ဝတ်ဆင်ထားပြီး မျက်နှာမှအစ ခြေဖျားအဆုံးခေတ်မှီ အသုံးအဆောင်တွေနဲ့ ပြည့်နေတဲ့အမျိုးသမီးတစ်ဦး...
"ဘာတဲ့လဲ မမ လူတွေကို ဖုန်းဆက်ပြီးပြီလား"
"အခုပဲ မဲကြီး ဖုန်းဆက်လာတာနင့်ရှေ့တင်ပဲလေ"
ဒေါ်ထားထားမြတ် က လက်ထဲက ဟန်ပါပါကိုင်ထားတဲ့ ဖုန်းကို အကြည့်မပျက်ပဲ ပြန်ဖြေသည်။
"အေးလေ မြင်တယ်လေ အခုထိ ရှာလို့ မတွေ့သေးဘူးတဲ့လား ဘယ်လိုတွေလုပ်နေကြတာလဲ"
"မတွေ့သေးဘူးတဲ့ လေ..."
"တောက်...စောက်ဖြစ်မရှိတဲ့ဟာတွေ ပိုက်ဆံပေးရပြီးအလကားပဲ...လူတစ်ယောက်ကို ရှာဖို့ အချိန်ဘယ်လောက်အထိ ယူနေမှာတဲ့လဲ"
ရစ်ချက် ဒေါသကြောင့် နီးမြန်းနေတဲ့မျက်နှာကိုလက်ဖြင့် ပွတ်ချလိုက်ပြီး ခုံပေါ်ကို စိတ်ပျက်လက်ပျက် မှီထိုင်ချလိုက်သည် ရင်ထဲမှာတော့ တကယ်ကို ဗလောင်ဆူလျှက် ။
ပုန်းတဲ့လူက လုံအောင်ပုန်းနေတော့ တွေ့ချင်လွန်းလို့ရှာနေရတဲ့လူက နေ့စဥ် အရူးမီးဝိုင်း....
"မဟုတ်တာလေးကို ဒေါသဖြစ်ပြမနေနဲ့ ရစ်ချက် အချိန်တန်လို့ ပြန်တွေ့ရင် နင့်လက်ထဲပဲတန်းရောက်မှာကို ဘာတွေဖြစ်ပြနေတာလဲ စိတ်ရှုပ်လိုက်တာ တကယ်ပဲ"
မမထား စကားကြောင့် နဂိုဒေါသဖြစ်နေတဲ့မျက်နှာက ပိုပြီးမှုန်ကုတ်သွားရကာ...
"အပြောကသာ လွယ်တာနော် မမထား ဒီကောင်လေး ဘယ်လောက်ခေါင်းမာလဲ မမ မသိလို့လား ကျွန်တော်တို့ပြောတဲ့အတိုင်း အလွယ်တကူ လက်မခံခဲ့လို့လဲ အခုလိုထွက်ပြေးသွားတာပဲ မဟုတ်လား"
ထိုအခါမှ ဒေါ်ထားထားမြတ် က လက်ထဲက ဖုန်းကို ရှေ့က စားပွဲပေါ်တင်လိုက်ပြီး သူ့မောင်မျက်နှာကို စိတ်ကုန်သလိုကြည့်ကာ...
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....