Episode 36Z (End)

2.5K 33 0
                                    

ဆက်နိုင်ရဲ့ အိမ်ခြံဝန်းအတွင်းမှာ ရက်ကွက်ထဲရှိလူအချို့ဝင်လိုက် ထွက်လိုက်ဖြင့် ရှိနေ၏။

ဒီကနေ့ သူနဲ့ မဏိရာ ရဲ့ လက်ထပ်မင်္ဂလာ လက်မှတ်ရေးထိုးတဲ့ နေ့ သဘာဝကျခြင်း မကျခြင်းဆိုတဲ့ အစဉ်အလာတွေ ဘယ်လိုပဲ ရှိခဲ့ ရှိခဲ့ သူဟာ ဒီလူသားလေးကို ဒီ လောက်အထိ တန်ဖိုးထားသည် ဒီလောက်အထိမြတ်နိုး သည်ဆိုတာ အားလုံးကိုသိမြင်စေချင်တာ။

မဏိ ကိုလည်းသူနဲ့ ပတ်သက်ပြီး ဒီထပ်ပိုပြီးယုံကြည်စေချင်သည် အားကိုးစေချင်သည်။ သူဟာ အမြဲတမ်း မဏိအပိုင် လူသားဆိုတာ အားလုံးရှေ့မှာ ရဲရဲဝံ့ဝံ ပြောရဲသည်အထိ စိတ် လုံခြုံမှု့ကိုပေးစွမ်းချင်သည်။

"ဆက်နိုင်...မင်းသားလေးရဲ့ အဖေနဲ့ အဒေါ်ရော ရောက်တော့မယ်တဲ့လား ဖုန်းဆက်ကြည့်ပြီးပြီလား..."

"ဆက်ပြီးပြီ အဖွား...ရောက်တော့မယ်တဲ့"

"မောင်တိုးကြီးတို့လင်မယားရော လာမယ်တဲ့လား"

"ဟုတ်ကဲ့ လာမှာလေ အဖွား...သူတို့လည်းရောက်တော့မှာ လို့ပြောတယ်..."

"အေးအေး...ဒါနဲ့ မင်းသားလေးကရော...ပြီးပြီတဲ့လား..မျက်လုံးထဲမတွေ့မိပါလား"

"သားအခုပဲ သွားကြည့်မလို့ အဖွား .."

သူမ ရဲ့ ပြောပြီးသားစကားတွေကို မေ့တတ်တဲ့ပုံစံအတိုင်း အဖွား က ထိုမေးခွန်းတွေကိုမေးနေတာ ဒီတစ်မနက်ထဲနဲ့တင် အကြိမ်ပေါင်းမရေနိုင်တော့...

"နီလာရေ"

အဖွားကိုပြန်ဖြေပြီး မျက်လုံးထဲမှာနီလာကိုမမြင်မိတာကြောင့် အော်ခေါ်မိတော့ သူ့အသံကြောင့် နီလာက ဧည့်သည်တွေကို ဧည့်ခံ ဖို့အတွက် ပြင်ဆင်ပေးနေတဲ့ ရက်ကွက်ထဲက အပျိုအုပ်စုနား က ထ လာသည် .... ။

သူမ သည်လည်း အရွယ်လေးရောက်တာတော့ စိတ်ကစားချင်လာပြီ ထင်သည်။ တလမ်းကျော်က ကောင်လေးနဲ့ ချစ်ကျွမ်းဝင်နေသည်ဟု ဒေါ်နီ့ ဆီက သူ ပြန် ကြားမိပေမယ့် နေရာတကာ ဝင်မပြောချင်တာကြောင့် မသိသလိုပဲနေပေးခဲ့၏ ... ဒေါ်နီ ရဲ့ နည်းနည်းဆိုများများပြောတတ်တဲ့ အကျင့်ကြောင့်လည်း စကားအားလုံး ကို မယုံကြည် တာပါသည်။

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now