"မဏိ လေး ပြန်လာပြီလား"
"အင်း"
ကားပေါ်က ဆင်းဆင်းချင်း မမြင်ချင်တဲ့မျက်နှာကိုတန်းမြင်လိုက်တာမို့ စိတ်ပျက်မိသွားရပေမယ့် ပြန်မဖြေလို့ မကောင်းတတ်တာကြောင့် ခေါင်းငြိတ်ကာဖြေလိုက်ရင်း အထဲကိုအမြန်ဝင်လာခဲ့လိုက်သည်။ အိမ်ထဲကိုရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်ပြီး လူရိပ်တောင်မမြင်ရတာကြောင့် ပိုပြီးသတိရှိ ဖို့တွေးလိုက်မိသည်။
"ထမင်းစားတော့မလားဟင် ကိုကြီးက မဏိပြန်လာရင် အတူတူစားဖို့စောင့်နေတာ"
ဘေးချင်းအတင်း တိုးကပ်ရင်း ပြောနေသည်က စိတ်ပျက်ဖွယ်ရာအတိ ၊ ပြီးတော့ ထိုလူ့ဆီက ရနေမိတဲ့ ရေမွှေးနံ့နဲ့ရောနေတဲ့ အရက်နံ့စူးစူးကြောင့် အသားချင်းထိ တာကို မကြိုက်သလို ကိုယ်ကို ကျုံ့လိုက်မိ၏...။
"ကျွန်တော် အပြင်က စားလာခဲ့ပြီ မစားတော့ဘူး"
"ဒါဆိုလဲ အစာပြေ တစ်ခုခုစားပြီးတော့ ကိုကြီးနဲ့ စကားပြောကြမယ်လေ...နော်၊ ကိုကြီးက မဏိနဲ့စကားပြောချင်လို့ စောင့်နေတာ...အဟင်း"
"ဂျိမ်း"
သူ့ဆီကို အေးတိအေးစက် အကြည့်တစ်ချက်ပို့ပြီး အခန်းထဲ ဝင်ကာ တံခါးကို တမင်အသံကျယ်အောင် ဆွဲပိတ်လိုက်တာမို့ ရစ်ချက် ပြောလက်စတန်းလန်းနဲ့ အပြင်မှာသာကျန်ခဲ့ရသည် ။
သူ့ကိုဝင်ရောနေတာကို မကြိုက်မှန်း သိသိသာသာရော မသိမသာရော အပြုမူတွေနဲ့ ပြနေပေမယ့် ကိုယ်က ဒီလိုဂျစ်ကန်ကန် ကောင်လေးနဲ့မှ ရင်ခုန်မိတာကိုး။
ဘယ်လိုပဲ မာနတွေကြီးနေပေမယ့် တစ်ချိန်ကျရင် မင်းက ငါ့အပိုင်ဖြစ်လာမှာပါကွာ...အဲ့ဒီအချိန်ကျရင် ဒီလို မျိုးမာန ကြီးနိူင်ဦးမလား ငါစောင့်ကြည့်ချင်သေးတယ်...ရစ်ချက် ကိုယ့်အတွေးနဲ့ကိုယ် နူတ်ခမ်းတွေကိုအရုပ်ဆိုးအောင် မဲ့ချပစ်သည်။
မဏိရာ လိုအပ်တာထပ်ပိုပြီး ရေချိန်ကိုက်လာတာမို့ ကုတင်ပေါ်ကိုခြေပစ်လက်ပစ် လှဲချလိုက်မိ၏...ဝတ်ထားတဲ့ ရှပ်အိင်္ကျီကို စိတ်အိုက်သလို ကြယ်သီး သုံးလုံးလောက်ဖွင့်ချလိုက်ပြီး ခါးက ခါးပတ်ကိုပါဖြုတ်ချကာ အခုမှ ပေါ့ပါးသွားဟန် လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။
YOU ARE READING
မေတ္တာခြုံ၍ နွေးပါစေ
Romanceရဲရဲသာမှီခိုလိုက်ပါ ဒီရင်ခွင်ရော ဒီပခုံးတွေရောအားလုံးဟာ ခင်ဗျားအပိုင် ....