Episode 24Z

1.4K 24 1
                                    

!ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ...

!ငြိမ်အောင်တင်းထားလို့မရ..မယုံနိုင်ဘူး မင်းနဲ့ တွေ့စဉ် ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မိ ရင်ခွင်ထဲတိုး... နောက်ဆုံးတော့ မင်းနဲ့မှချစ်တတ်ပြီပေါ့...!

စီးချက်ညီညီ ပျံလွင့်လာတဲ့ သီချင်းသံချိုချိုလေး ။သေချာပေါက်.. ပုဆိုးတိုတို ဝတ်ကာ ပန်းပင်တွေကို ရေလောင်းနေတဲ့ဆက်နိုင်ဆီကဖြစ်သည်။

ဒီနေ့တော့ နေ့လည်ပိုင်းလောက် မှ အရောင်းအဝယ် ကိစ္စတစ်ခုနဲ့ အပြင်သွားရမှာဖြစ်တာကြောင့် မနက်ပိုင်းကိုတော့ သူ့အတွက် လွတ်လပ်ရေးအပြည့်ရနေ၏။ ထို့ကြောင့်ပဲ အိမ်ကလူတွေ စားဖို့မနက်စာ ပြင်ပေးထားခဲ့ပြီး ခြံထဲ၌ ရေလောင်းပေါင်းသင် လုပ်နေခြင်းဖြစ်သည် ။

ပစ်ထားတာကြာပြီဖြစ်သောကြောင့် အချို့အလှစိုက်ထားတဲ့ ပန်းပင်တစ်ချို့ကပုံမကျပန်းမကျ ရှည်ထွက်နေသည်။ ပြီးနောက် ခြံထဲအနှံ့ပေါက်ရောက်နေတဲ့ မြက်ပင်ရိုင်းတွေကလည်း အမှန်ပင် စိတ်ရှုပ်စရာ ။

ဒီ အလုပ်လောက်လေး ကို အခြားသူကိုနေ့စား ပေးပြီး ငှားလုပ်လို့ရပေမယ့် အပိုငွေ ကုန်မှာ မကြိုက်တာကြောင့် ကိုယ်တိုင် အပင်ပန်းခံနေရခြင်းပင်။

"ဒါက .. ဘယ်သွားကြမလို့လဲ..."

သူ့ အသံကြောင့် အိမ်ထဲက ထွက်လာတဲ့မဏိ နဲ့ နီလာက ပြိုင်တူ လှည့်ကြည့်သည် ။

မဏိ က ဒူးအထက် လောက်ရှိမည့် ဘောင်းဘီတို အသားရောင်လေးဖြင့် အရုပ်ကြီးတွေပါတဲ့ တီရှပ်အပြာရောင်အပွကြီးကို ဝတ်ထားသည်။ ဆံပင် တွေကို အိမ်မှာနေရင် စည်းနေကျအတိုင်း တစ်ဝက်လောက်က စည်းထားသည်မို့ မျက်နှာပေါ် ဆံပင်တစ်ချို့ပြန်ကျနေ၏။

နီလာ က သူ့ကိုမြင်သွားတော့ အနားကိုလျှောက်လာကာ...

"အော်...ကိုကြီးဆက်နိုင် ကို ရှာနေတာလေ အဖွားအိပ်နေတုန်း.. သမီးတို့ ဈေးခဏသွားမလို့... အဲ့တာ ဆိုက်ကားမငှားတော့ပဲ ကိုကြီးမဏိကို လိုက်ပို့ခိုင်းမလို့..."

ဈေးက သူတို့နေတဲ့ရက်ကွက်နဲ့ အနည်းငယ်လှမ်းသေးသည်မို့ ဈေးသွားတဲ့အခါ ဆိုင်ကယ်နဲ့သွားရင်သွား ၊ မဟုတ်ရင် ဆိုက်ကားငှားသွားကြရသည်။

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now